🖤🖤Extra 🖤🖤

3.5K 185 2
                                    

(Unicode)

ပြတင်းပေါက်ကိုကာရံထားတဲ့ လိုက်ကာစမှတစ်ဆင့် တိုးဝှေ့ဝင်ရောက်လာတဲ့ ရောင်ခြည်တန်းစူးစူးကြောင့် အဖူး အိပ်နေရာမှနိုးလာသည်။
နိုးလာမှ ညက အဖြစ်အပျက်များကိုပြန်အမှတ်ရတော့ ဝင်းဝါဝါပါးမို့မို့လေးနှစ်ဖက်မှာရဲသွားပြန်သည်။
အခုလက်ရှိအိပ်နေပုံကိုပြန်ကြည့်ပြန်တော့လည်း ကိုကြီးနဲ့မျက်နှာချင်းဆိုင်ပြီး အိပ်မိပြန်ပြီ။
အဖူး ရဲ့ခါးကိုကိုကြီးရဲ့သန်မာတဲ့လက်တစ်စုံနှင့်ရစ်ပတ်ကာထွေးပွေ့ထားပြန်သည်။
အခုကြတော့လည်း ညကနဲ့တခြားဆီ သူမဟုတ်တဲ့အတိုင်းအေးဆေးတည်ငြိမ်စွာအိပ်နေသည်။
ထိလုဆဲဆဲ မျက်ခုံးခပ်ထူထူကိုလည်း အဖူးပိုင်ပြီ။
စူးရှတဲ့မျက်ဝန်းအစုံကိုလည်း အဖူးပိုင်ပြီ။
အဖူး အရမ်းလိုချင်ခဲ့တဲ့ ကြွက်သားအပြည့်ကိုလည်း အဖူးပိုင်ဆိုင်ရပြီ။ ပြီးတော့ မာန်ဘမှူးဘို ဆိုတဲ့ဒီလူအေးကြီးကိုလည်းအဖူးပိုင်ပြီ။

ဒါပေမယ့် ညက ကျုပ်ကိုမီးကုန်ယမ်းကုန်သောင်းကျန်းထားတဲ့ လူကြီးကိုတော့နိုးလာရင်မခေါ်ပဲနေရမယ်။
ကျွတ်...ကျွတ်...အောက်ပိုင်းတစ်ခုလုံးပေါင်နှစ်ချောင်းကကိုင်ပြီး ဆွဲဖြဲထားသလားအောင့်မေ့တယ်။
ကျုပ်တွေးထားတာက ဦးစီးကို ကျုပ်စားမယ်လို့တွေးထားပေမယ့် အမှန်တကယ် ကျုပ်ကပြန်အစားခံလိုက်ရတော့ လူကအောင့်သက်သက်ကြီး။
ပေဖူးလွှာတို့ ရာဇဝင်ရိုင်းလိုက်တာ လုပ်ချင်ရာလုပ်တတ်ပေမယ့် ဒီလို ကိစ္စတွေကျ ကျုပ်ဘက်အခွင့်မသာဘူး။ရှိပါစေတော့ တစ်ချိန်ချိန်တော့ ခင်ဗျား... ကျုပ်စားတာခံရမှာပါ ဟင်းးးးးး။

ကုတင်ပေါ်က အသာအယာထပြီး ညကပြဲသွားတဲ့ညဝတ်စုံလေးကိုကောက်ကာ စောင်ကိုဆွဲယူပြီးကိုယ်မှာပတ်လိုက်သည်။
အနောက်ကိုလှည့်ကြည့်တော့ ကိုကြီးကပတ်လတ်အနေအထားနှင့်အိပ်နေခြင်းကြောင့် သူရဲ့ညီလေးက ကျုပ်ကိုကြည့်နေသယောင်။

"ဟ....မင်းဘာကြည့်တာလဲ လေးခွစာမိချင်တာလား..!!"

တစ်ယောက်ထဲရေရွတ်ရင်း ရေချိုးခန်းဖြစ်ဟန်တူသော အခန်းထဲတံခါးဖွင့်ပြီးဝင်လိုက်သည်။
ရေချိုး ဆပ်ပြာအပါအဝင်သွားတိုက်တံအစုံရှိတာကြောင့် သွားတိုက်ပြီး မျက်နှာကုန်းသစ်နေခိုက်..။

ရိုးသားကြိုးစားကတွယ်သား(Complete)Where stories live. Discover now