Episode -8

4.1K 301 12
                                    

(Unicode)

သူတို့သုံးယောက် ရွာထိက်ရောက်မှလမ်းခွဲခဲ့ကြလေသည်။
ချိန်သီးက သူကြီးအခေါ်ရှိ၍ သူကြီးအိမ်ကိုသွားပြီး အဖူးနဲ့အမြကတော့ဧသည့်တွေကိုထမင်းကျွေးရန် အိမ်ပြန်လာခဲ့၏။

အရင်ဆုံးအမေ့အိမ်ကိုဝင်ပြီး ထမင်းချိုင့်ဝင်ယူရလေသည်။အိမ်အောက်ထဲတွင် ရှာကြည့်ရာမတွေ့တာကြောင့် မီးဖိုချောင်ထဲတွင်ရှိမှာသေချာသည်။
အိမ်အနောက်မှရှိသော မီးဖိုထဲသို့ သူဝင်လာခဲ့လိုက်သည်။

ကတွယ်ကျေးရွာလေးတွင် အများအားဖြင့်သစ်လုံးအိမ်များကိုအများအပြားဆောက်ကြလေသည်။
ဝါးအိမ်ဆိုတာခပ်နည်းနည်းပင်။
ရွာဝိုင်းကြီးဖြစ်တာကြောင့် လမ်းများဟာလည်းအသွယ်သွယ် ရွာခံမဟုတ်ရင်အချို့လမ်းတွေဆိုမသိနိုင်ပေ။

လျှပ်စစ်မီးကရတော့မယ်ဆိုပေမယ့် ဓာတ်တိုင်တွေစိုက်ထားယုံသာရှိသည်။
အိမ်တိုင်းလိုလိုတွင်တော့ ဆိုလာပြားများကိုအသုံးပြုကြပြီး ဘတ်ထရီမီးဖြင့်နေကြလေသည်။

မီးစက်ဆိုလို့ ဘုန်းကြီးကျောင်းမှာပဲရှိသည်။

"အမေ..ကျုပ်ပြန်လာပြီ"

"ပေဖူးလေး.. သားလား အဲ့နားကစားပွဲခုံပေါ်မှာထမင်းချိုင့် ယူသွားချေ"

အမေ့အသံကြားပြီး လူကိုမမြင်ရပေ။ဘယ်နားကနေပြောနေတာပါလိမ့် ..။

"အမေ..ကျုပ်ကိုဘယ်ကနေပြောနေတာလဲ"

"ဟဲ့..အဖူးရဲ့ အမေရေအိမ်ဝင်နေလို့ မြန်မြန် သွားစမ်းပါ ဦးစီးမှူး ဗိုက်ဆာနေရောမယ်"

"အမေ ကျုပ်အဲ့အိမ်မှာတကယ်သွားနေရမှာလား"

"တကယ်ပေါ့ ဟဲ့ ဦးစီးမှူးကခုမှရွာကိုရောက်တာ လိုတာရှိရင်အားလုံးလုပ်ပေးလိုက်"

"အဖူး..ကြားလားအမေပြောတာ"

"ဟုတ် ကြားတယ်ဗျ"

ထမင်းချိုင့်ဆွဲပြီးထွပ်ခဲ့လိုက်သည်။ခြံထဲကိုရောက်တော့ အိမ်ပေါ်ကိုတစ်ချက်မျှော်ကြည့်လိုပ်လေသည်။
အရိပ်အယောင်တောင်မတွေ့.... ။

အဖူးလည်း အိမ်ပေါ်ကိုတတ်သွားကာထမင်းချိုင့်ကို စားပွဲတွင်တင်ထားခဲ့ပြီး အခန်းထဲသို့ဝင်ကြည့်လိုက်လေသည်။
ကုတင်ပေါ်မှာ တစ်ဖက်ကိုစောင်း၍ထိုလူကြီးအိပ်နေလေသည်။အဖူးလည်းအနားကိုတိုးသွားပြီးလှုပ်နှိုးလိုက်၏။

ရိုးသားကြိုးစားကတွယ်သား(Complete)Where stories live. Discover now