ကျေးဇူးတင်လွှာ

1.3K 57 3
                                    

(Unicode)

အဟမ်း အဟမ်း!!

Extra လေးပြီးသွားပါပြီ အချစ်တို့ရေ။
ဆိုတော့ကာ စကားလေးနည်းနည်းပြောမယ်။
အဲ့တာကတော့ ကျေးဇူးတင်ကြောင်းလေးပေါ့နော်။
အရင်ဦးဆုံး ကျေးဇူးတင်ချင်တာကတော့ စာဖတ်သူလေးတွေကိုပေါ့နော်။ကိုယ့် ရဲ့အားဆေးလေးတွေ...။
ကိုယ်ရဲ့မကောင်းမကန်းလေးကို ep1ကစပြီးအဆုံးထိ Ongoing လိုက်ပေးတဲ့အချစ်တို့နဲ့ ပြီးမှဖတ်ပေးကြတဲ့ အချစ်တို့ကို ကျေးဇူးအများကြီးတင်ပါတယ် ။

ဒီရပ်ဝန်းထဲ ဝင်တာမကြာသေးတဲ့ ကိုယ့်အဖို့ အခက်အခဲတွေအများကြီးရှိခဲ့တယ်။
ကိုယ့် အဖြစ်က လမ်းစလျှောက်မယ့် ကလေးတစ်ယောက်လိုပေါ့(ဥပမာ.. ကလေးတွေလမ်းစလျှောက်ဖို့  အထိန်းအနေနဲ့ မိဘရဲ့လက်တစ်စုံကိုတော့အမြဲလိုမှာပဲ။)
ကလေးအတွက် လဲကျတာတွေရှိမယ်။အများဆုံးကရှိကြပါတယ်☺

ကိုယ်လည်း လမ်းစလျှောက်မယ့်ကလေးတစ်ယောက်လိုပါပဲ။
လဲကျတာ ပြန်မထနိုင်တော့တဲ့အထိပဲ😅။
ဒါပေမယ့်  ကိုယ့်ရဲအားဆေးလေးတွေကြောင့် ကိုယ်ကုန်းရုန်းပြီး ထနိုင်ခဲ့တယ်။
ကလေးအတွက် မိဘရဲ့လက်တစ်စုံလိုခဲ့သလိုကိုယ့်အတွက် အားအဖြစ်ရှိပေးခဲ့တဲ့ စာဖတ်သူအချစ်တို့ကိုကျေးဇူးအများကြီးတင်ပါတယ်။
အမ်းးးးနောက်တစ်ယောက်က နတ်ရွာမိုးရဲ့ ပေတိုး စာအုပ်ကယူရေးတယ်လို့ပြောတဲ့မမ ကျေးဇူးလည်းတင်သလို ငယ် ကပဲတောင်းပန်ပါတယ်ဗျ🙏

Copy /inspire
ယူမရေးပေမယ့် မမ ပြောလို့တူနေတယ်ဆိုတဲ့ အပိုင်း၁.၁၀ ကိုပြန်ဖျက်ပြီး အသစ်ရေးနိုင်ခဲ့တယ်။အဲ့အတွက်ကျေးဇူးတင်သလို စိတ်ဆိုးပြီးမမကို ရန်ပြန်တွေ့ခဲ့တာတွေအတွက်ကော ငယ် ထပ်ပြီးတောင်းပန်ပါတယ်။

နောက်ထပ်ကျေးဇူးတင်တာကတော့ အိမ်ကဖေဖေနဲ့မေမေနဲ့ကိုပါ။
LGBT /BLကို လက်မခံနိုင်ပေမယ့် ကိုယ့်ရဲ့ဝါသနာကို မြင်ပေမယ့် မသိချင်ယောင်ဆောင်ပေးလို့ ကျေးဇူးတင်ပါတယ်။
ဒီfic လေးရေးနေတုန်း သိသွားကြလို့ ဖုန်းအသိမ်းခံရတဲ့အပြင် အရိုက်လည်းခံရသေးတယ်😅

ပြီးတော့ ကိုယ် အဆင်မပြေဖြစ်တိုင်းအနားမှာရှိနေပေးပြီး အဖူး ရဲ့2D ပုံလေးကိုဆွဲပေးတဲ့ ငယ်လေး  "Nya Thwal Mew"ကိုလည်းကျေးဇူးတင်ပါတယ်။

ရိုးသားကြိုးစားကတွယ်သား(Complete)Where stories live. Discover now