စာစဉ် ၃၁ (၁-၁၀)
1.9K 191 2
စာစဉ် ၃၁၊ အခန်း ၁။ သူ့ရဲ့နွေးထွေးမှု 1
“ပဲစေ့လေးက သူ့ဦးဦးကို တော်တော်လေး ထိန်းချုပ်နိုင်စွမ်းရှိတာပါလား”
ရှုဝန်နူး ကော်ဖီ တစ်ငုံသောက်ရင်း ပြောလေတော့ ချင်းကျီအိုက်က ပြုံးသည် ။
“ယူရှန်းနဲ့ ငါနဲ့ ဟန်းနီးမွန်းထွက်တုန်းက သူ့ကို ကျီယမ်နဲ့ထားခဲ့ရတာလေ ကလေးက သူ့ကိုပြန်ဆရာလုပ်နေလေရဲ့ တစ်ခါလည်း ယူရှန်းအလုပ်များလို့ ကျီယမ်ကိုခေါ်ပြီး ပဲစေ့လေးတက်မဲ့ အတန်းပိုင်ဆရာမကို သွားတွေ့တာ ကျီယမ်က ဆရာမနဲ့ စကားပြောလို့တဲ့ ပဲစေ့လေးက ဆရာမကို ကိုက်လိုက်တယ်လေ ....”
ချင်းကျီအိုက် စကားကို ရှုဝန်နူး မရယ်ပဲမနေနိုင်တာကြောင့်
သောက်လက်စ ကော်ဖီပင် ပါးစပ်ထဲက ပြန်ထွက်တော့သည် ။
“ပဲစေ့လေးအကြောင်းမပြောတော့ဘူး နင့်အကြောင်းပဲပြောရအောင်
နူးနူး နင့် spa မှာ အဓိက ရင်းနှီးမြုပ်နှံသူက ဘယ်သူလဲသိလား”
ရှုဝန်နူး တစ်ရှူးယူကာ ပါးစပ်သုတ်နေရင်း ချင်းကျီအိုက်မေးခွန်းကိုကြားလိုက်ချိန်မှာတော့ ပါးစပ်သုတ်တာကိုရပ်လိုက်ကာ ခေါင်းခါလိုက်တော့သည် ။
“ငါလည်းမသိဘူး”
“အစည်းအ‌ဝေးတွေ ပွဲတွေဘာတွေမတက်ဘူးလားသူက”
“ဟင့်အင်း တစ်ခါမှ မတွေ့ဖူးဘူး... အစည်းအ‌ဝေးတွေ ပွဲတွေတက်ဖို့မပြောနဲ့ အရေးကြီးတဲ့ အဆုံးအဖြတ်တွေလုပ်တဲ့ စီမံခန့်ခွဲရေးအဖွဲ့အစည်းအ‌ဝေးကိုတောင် တစ်ခါမှမတက်ဘူးလေ ဗီဒီယိုကောလ်နဲ့ခေါ်ပါမယ်ဆိုတာတောင် မရဘူး နောက်ဆုံးပြောရရင် သူ့အီးမေးလ်တောင် မသိရပါဘူးဆို တကယ်ကိုဘာဆိုဘာမှ သူနဲ့ပတ်သက်တာ ဘာမှမသိတာ”
“နင်တို့ သူဌေးက တကယ်ထူးဆန်းတဲ့လူပဲ...”
ချင်းကျီအိုက် မနေနိုင်စွာပြောလိုက်ပြီးနောက် ကော်ဖီတစ်ငုံယူသောက်ကာ ရှုဝန်နူးကို ပြန်ကြည့်လိုက်တော့ ဖုန်းကိုငုံ့ကြည့်နေတဲ့ ရှုဝန်နူးကြောင့် သူမ ပြောဖူးတဲ့ ဂိမ်းထဲက သူငယ်ချင်းအကြောင်းကိုပြန်သတိရသွားတာမို့ မေးလိုက်တော့သည် ။