Take My Dimple - 1

602 46 0
                                    

" ယန်ဂျောင်ဝန်း ထတော့လေ နောက်ကျတော့မယ် လေဆိပ်မသွားခင် ဆေးရုံလည်းသွားရအုန်းမယ် တော်ကြာ အချိန်မမှီပဲ နေလိမ့်မယ်"

အောက်ထပ်ကကြားလိုက်ရတဲ့ အမေ့နှိုးသံကြောင့် ကျနော့်မျက်လုံးအစုံပွင့်လာတော့သည် အာ.. ဟုတ်သားပဲ ဒီနေ့ကျနော်တို့ အမေရိကားက အဖေ့ဆီ သွားလည်ကြမှာလေ အဖေက ကျနော်ငယ်ငယ်လေးကတည်းက အမေရိကားမှာ အလုပ်လုပ်ပီး ဆိုးလ်မှာနေတဲ့ကျနော်တို့သားအမိကိုလှမ်းထောက်ပံ့နေတာ ကျနော်အထက်တန်းကျောင်းဒုတိယနှစ်မတက်ခင် နှစ်ပတ်အလိုမှာ အဖေ့ဆီသွားတွေ့ကြမယ်လို့ အမေနဲ့တိုင်ပင်ထားကြတာ

"ယန်းဂျောင်ဝန်း မထသေးဘူးလား"

ဒုတိယတခေါက်အော်သံကြောင့် အမေစိတ်ဆိုးတော့မည်ကို သိသောကြောင့် ကျနော် အသံတစ်ချက်လှမ်းပေးကာ ရေချိုးခန်းထဲသို့ အမြန်ပြေးဝင်သွားလိုက်သည် ကျနော်ငယ်ငယ်ကတည်းက အဖေအမေ့စကား တစ်ခွန်းမှမလွန်ဆန်ခဲ့ဖူးဘူး အထူးသဖြင့် အမေ... အဖေကအဝေးရောက်နေတော့ အမေနဲ့ကျနော်နဲ့က အမေတစ်ခုသားတစ်ခုလို ဖြစ်နေကြတာလေ အမေစိတ်ဆင်းရဲရမည်ကိုမလိုလား၍ အမေမကြိုက်တာ ဘာမှမလုပ်ဖူးချေ အမေဖြစ်စေချင်တဲ့အတိုင်းစာကိုသာကြိုးစားခဲ့တယ် ရည်းစားမပြောနဲ့ တစ်ဖတ်သက်ကြိုက်ခဲ့ဖူးသူတောင်မရှိ

မိနစ်သုံးဆယ်ကြာသော်..

ကျနော်ဆင်းလာတော့ အမေကအကုန်အဆင်သင့်ဖြစ်နေပြီလေ ကျနော်တို့ အထုတ်တွေကို တက်စီပေါ်တင်ကာ အနောက်ခန်းထဲသို့ ဝင်ထိုင်လိုက်ကြသည်

"ကားဆရာ Fever ဆေးရုံကို အရင်မောင်းပေးပါနော် လေဆိပ်မဆင်းခင် swat စစ်စရာလေးရှိလို့ပါ"

ဟူး Corona ဆိုတဲ့ virus ပိုးကြီးမြန်မြန်ပီးစေချင်နေပီဗျာ ဆေးရုံကအိမ်နဲ့ ဆယ်မိနစ်လောက်တော့ မောင်းရတယ် ဆေးရုံရောက်တော့ ကားပေါ်ကအမြန်ဆင်းပြီး reception ဆီတန်းသွားလိုက်တယ်

"ပြည်ပသွားဖို့ swat စစ်ချင်လို့ပါရှင့်"

" အာ ညာဘက်လေးတန်းတန်းသွားပြီး လမ်းဆုံးကျဘယ်ကွေ့ပေးပါနော်"

အမေ့နောက်က ကျနော်ထပ်ကြပ်မကွာလိုက်ရင်း ဟော ရောက်ပါပီ ဆေးစစ်ခန်း.. ဒီနေ့ကျမှ စစ်တဲ့လူတွေများနေလိုက်တာ ကျနော်တို့ရှေ့မှာ ဆယ်ယောက်လောက်ရှိတယ် အဲ့အချိန်မှာ သူနာပြုတယောက်ရောက်လာပြီး

Take My Dimple Where stories live. Discover now