Take My Dimple - 18

216 31 12
                                    

" JJ company  ရဲ့ အမွေဆက်ခံသူ Jay Park နဲ့ Grandy Company ဥက္ကဌရဲ့သမီး Jang Hana တို့ စေ့စပ်ခြင်း"

သတင်းကိုတွေ့ပြီး ကြောင်ရပ်နေတာ ဘလောက်ကြာသွားလဲ မသိ ဘေးက လူတွေ လှမ်းခေါ်တာလည်း ကြားတစ်ချက် မကြားတစ်ချက်...

"ဒုန်း"

ဒုဥက္ကဌရောက်လာပီး သူ့အခန်းတံခါးစောင့်ပိတ်သွားမှပဲ သတိပြန်ဝင်လာတော့တယ်

"ဂျောင်ဝန်း ဒုဥက္ကဌက ခေါ်ခိုင်းလိုက်တယ်"

ကျနော်လာခေါ်တဲ့အမကို ခေါင်းတချက်ငြိမ့်ပြပီး စိတ်ကိုအတတ်နိုင်ဆုံး စုစည်းကာ ဒုဥက္ကဌအခန်းထဲကို ဝင်လာလိုက်သည်

"ကျနော့်ကို ခေါ်တယ်ဆိုလို့ပါ"

"အခု JJ company ရဲ့ ရှယ်ယာတွေက အရင်ကထက်သုံးဆလောက်မြင့်သွားပီ ဒီစေ့စပ်ပွဲကနေ သူတို့ company အတွက် အကျိုးအများကြီး ရသွားတယ်"

အင်းပေါ့ Grandy company ဆိုတာလည်း နာမည်ကြီး company တစ်ခုပဲလေ အကိုက အမဟာနာကို ချစ်လို့ဖြစ်ဖြစ် မချစ်ဘဲ company အကျိုးအတွက်လက်ထပ်တာပဲဖြစ်ဖြစ် ကျနော်ဘာမှပြောပိုင်ခွင့်မှမရှိတာ

"ဂျောင်ဝန်း အကိုပြောနေတာကြားလား"

"ဗျ..ဗျာ"

"ဘာဖြစ်နေတာလဲ နေလို့မကောင်းဘူးလား အကိုပြောတာက မနက်ဖြန် Park Jay ရဲ့ စေ့စပ်ပွဲသွားဖို့ လာခေါ်မယ်လို့"

"ကျနော်လိုက်မှဖြစ်မှာလား"

"သူ့အဖေကိုယ်တိုင်ကဖိတ်တာဆိုတော့ မသွားလို့မကောင်းဘူး ပြီးတော့ ဂျောင်ဝန်းက အကို့ရဲ့ အရေးကြီးတဲ့သူတစ်ဦးဆိုတော့.."

"ကျနော်နားလည်ပါပီ ဒုဥက္ကဌ.. ကျနော်လိုက်ခဲ့ပါ့မယ်"

ချစ်တဲ့သူကိုယ့်ရှေ့မှာ တစ်ခြားတစ်ယောက်နဲ့ စေ့စပ်လက်စွပ်လဲတာကို ကြည့်နိုင်သည်အထိ ကျနော်ယန်ဂျောင်ဝန်းရဲ့အသဲက မမာဘူးလေ ဒါပေမဲ့လည်း ငြင်းလို့မှမရ လက်ခံရုံသာ

"အင်း ဂျောင်ဝန်းနဲ့သူနဲ့ သိကြတယ်မလား"

ဒုဥက္ကဌက ကျနော်နဲ့အကိုသိတာကို ဘလိုသိတာပါလိမ့်

Take My Dimple Where stories live. Discover now