Take My Dimple-6

287 45 1
                                    

"မနက်ဖြန်ကစပြီး ညနေတိုင်း အကို့အိမ်လိုက်ပြီး စာလာလုပ်နော်"

ဒီနေ့စီနီယာဂျုံဆောင်းပြောခဲ့တဲ့ စကားလေးကို နားထဲကမထွက်.. ကျနော်စီနီယာဂျုံဆောင်းကို လေးစားစပြုလာပြီထင်သည် စံပြကျောင်းသားဟူသော ဂုဏ်သည် သူသည်လိုက်ဖက်ပါလေစွ ကျနော်သူနဲ့အတူ လူရည်ချွန်ဆုကို ရယူချင်သည် စာကြည့်စားပွဲအောက်က အံဆွဲလေးကို သော့ဖွင့်ကာ စီနီယာဂျုံဆောင်းပေးထားတဲ့စာအုပ်လေးနဲ့ သူ့ကိုပြန်ပေးရန်ကျန်နေသော ထီးအပြာရောင်လေးကို ထုတ်ကြည့်မိသည် ထို့နောက်တချက်ပြုံးကာ ပြန်သော့ခတ်သိမ်းထားလိုက်သည်

အမေ့ကိုလည်းညထဲက လူရည်ချွန်ဖြေချင်ကြောင်း၊ ကျောင်းကစီနီယာတစ်ယောက်အိမ်မှာ စာလိုက်သင်မည်ဖြစ်ကြောင်း ခွင့်တောင်းပြီးပြီ အမေကလည်းခွင့်ပြုတယ်လေ ဒီနေ့ကျောင်းတက်ရတာ အရင်ကနဲ့မတူ မြူးကြွလန်းဆန်းနေသည် စာသင်ရတာလည်း စိတ်ပါနေသည် ဆောနူးနဲ့နီခီကပင် မေးယူရသည့်အဆင့်ပင်

"ဂျောင်ဝန်း လူရည်ချွန်ဖြေမှာကလည်း ဖြေမှာပေါ့ မင်းစာအော်ဆိုတဲ့အသံကြီးကကွာ နားထဲစပီကာကြီးကပ်အော်နေသလိုပဲ ငါအိပ်ချင်တာတောင် အိပ်မငိုက်နိုင်ဘူး"

နီခီ့အပြောကို ဆောနူးကလည်း ထောက်ခံသည်

"မင်း ဒီညနေတကယ် စီနီယာဂျုံဆောင်းအိမ်လိုက်သွားမှာလား"

"အင်း"

ဆောနူးရဲ့ညစ်ထေးထေးအပြုံးတွေရဲ့အဓိပ္ပာယ်ကို ကျနော်သိနေသလို ခံစားရသည်

"ငါနဲ့နီခီပါ စာလ်ိုက်လုပ်မယ်လေ"

တွေ့တဲ့အတိုင်းပဲ ကျနော့်မှာ ကင်မ်ဆောနူးရဲ့ အသုံးခံကြီးကိုဖြစ်လို့

နီခီ— မင်းလား စာလုပ်မှာ သူများတွေစာလုပ်မှာကို လိုက်မနှောင့်ယှက်နဲ့

ဆောနူးက နီခီ့ကိုမျက်စောင်းထိုးပြီး ကျနော့်ကို နော် နော်ဆိုတဲ့ ခွင့်တောင်းတဲ့ပုံလေးနဲ့ကြည့်နေလေသည်

"စီနီယာဂျုံတောင်းကို မေးကြည့်လေ သူ့အိမ်မှာသင်ရမှာဆိုတော့ ငါလည်းမပြောတတ်ဘူး"

Take My Dimple Where stories live. Discover now