Take My Dimple-7

306 42 0
                                    

ကျနော့်ကိုယ်ကျနော်တောင်မသိဘဲ ရုတ်တရက်ပြောလိုက်မိတဲ့စကား... ကျနော်စီနီယာဂျုံဆောင်းရဲ့ဆံပင်စလေးတွေကို နူးနူးညံ့ညံ့သဘက်နဲ့ကိုယ်တိုင်သုတ်ပေးနေသည် စီနီယာဂျုံဆောင်းကတော့ မျက်လုံးကြီးပြူးပြီး ကျနော့်ကိုကြည့်နေသည်မှာ မတ်တပ်ပင်သတိလစ်သွားသည့်ပုံနှင့်.. ကျနော်လည်းရှက်ရှက်နဲ့ သဘက်ကိုသူ့ခေါင်းပေါ်သာတင်ခဲ့ကာ နောက်ပြန်ဆုတ်လိုက်ပြီး

"အဟမ်း ခေါင်းမခြောက်ဘဲ ဒီတိုင်းနေလို့ စီနီယာဖျားရင် ကျနော်လူရည်ချွန်မဖြစ်တော့မှာစိုးလို့"

ကျနော်ပြောသံကြားမှ စီနီယာက သတိရလာသည်ထင်သည် ထို့နောက်သူလည်းပုံမှန်အတိုင်းပြန်နေပြီး

"အာ အကိုညီ့အတွက် ကိုယ့်ကိုယ်ကိုပိုဂရုစိုက်ပါ့မယ်"

ညရှစ်နာရီတောင် ထိုးသွားပြီ ကျနော်နားမလည်တဲ့စာတွေကို စီနီယာကရှင်းပြပေးတယ်လေ သင်္ချာလည်းကူတွက်ပေးတော့ ကျနော်တယောက်တည်းတွက်တာထက်စာရင် ပိုပျော်ဖို့ကောင်းတာပေါ့ ကျနော်က ငယ်ငယ်ကတည်းက အင်္ဂလိပ်စာအခြေခံမကောင်းကြောင်းပြောတော့ စီနီယာက သူနဲအတူ နေ့တိုင်း essay ရေးရမယ်တဲ့ အချိန်ပိုရင် speaking လည်းလေ့ကျင့်ပေးမယ်တဲ့ စီနီယာကအရမ်းသဘောကောင်းတယ်ဆိုတာထက်ကို ပိုနေသည်

"မိုးချုပ်နေပြီ ညီ အကိုလိုက်ပို့မယ်လေ"

"ရတယ် စီနီယာ ကျနော့်ဘာသာကျနော်ပဲ ပြန်လိုက်ပါ့မယ် နှစ်လမ်းကျော်လေးတင်ပဲ"

"မဟုတ်တာ ညီရယ် အကိုကစက်ဘီးနဲ့လိုက်ပို့မှာပိုမြန်တယ်"

ကျနော်လည်းစီနီယာ့စကားကို မငြင်းနေတော့ဘဲ လက်ခံလိုက်သည် ပြောသာပြောရတာ ကျနော်လည်းတယောက်တည်းပြန်ရမှာ ကြောက်သည် အခုတလောလူဆိုးတွေ ရပ်ကွက်ထဲသောင်းကျန်းနေလို့ ရှစ်ခွဲဆို အပြင်မထွက်နှင့်ဟု ကြေညာထားသည်မဟုတ်လော စီနီယာဂျုံဆောင်းအမေကိုနှုတ်ဆက်ပြီး စက်ဘီးကိုထုတ်ကာ ကျနော်နဲ့စီနီယာအတူပြန်လာခဲ့သည် ဒါတောင်စီနီယာ့အမေက ကျနော့်ကိုညစာစားသွားဟု အတင်းခေါ်နေသေးသည် ကျနော်ကအိမ်ကအမေတယောက်တည်းစောင့်နေရမှာဟုဆိုကာ အားနာနာနဲ့ငြင်းခဲ့ရသည် ကျနော်အရာအားလုံးအတွက် စီနီယာ့ကို ကျေးဇူးတင်ကြောင်းပြောရန် စကားစလိုက်သည်

Take My Dimple Where stories live. Discover now