Take My Dimple-16

266 42 8
                                    

အကိုနဲ့လျှောက်လည်ပီး ရုံးတက်ရတဲ့ ရက်သတ္တပက်က အရမ်းကြာတာပဲ ရုံးမြန်မြန်ပိတ်ပီး အကိုနဲ့ တွေ့ချင်လှပီ ကျနော်ကသာ ကျနော့်စိတ်ကူးနှင့်ကျနော် ရူးနေတာ အကိုကဖြင့် ကျနော့်ကို ထပ်တွေ့ပါ့မလားတောင် မသေချာဘူး ပီးတော့ အကို့အကြောင်းသိတာဆိုလို့ သူပေးထားတဲ့ ကတ်ထဲက ဖုန်းနံပါတ်.. ဒါတောင် သူ့ကိုယ်ပိုင်နံပါတ်မဟုတ်ဘူးနော် ဟူးးးးး ဒီနေ့ဆို သောကြာနေ့တောင် ရောက်ပီ ဒီနေ့တရက်ပီးရင် မနက်ဖြန် စိတ်ကြိုက်အဝ နားပစ်မယ် ဒါနဲ့ ကင်မ်ဆောနူးတစ်ယောက် ကျနော့်ကို ဖုန်းမဆက်တာ နှစ်ရက်ရှိပီ မအားလို့လား ဘာလားတော့မသိဘူး ညနေပြန်ရောက်မှ သေချာဖုန်းဆက်ကြည့်ရအုန်းမည် စာမေးပွဲလည်း ပြီးပြီကို ဖုန်းမဆက်ဘဲ ကျနော့်ကိုပစ်ထားတာ သူတို့နှစ်ယောက် ဘာလုပ်နေမှန်းမသိ

ကျနော် တွေးလက်စအတွေးတွေကို လက်စသက်ကာ အလုပ်သွားရန် ပြင်ဆင်လိုက်သည် အခုတလော ကျနော်အလုပ်နောက်မကျတဲ့ရက်ကို မရှိဘူး အတွေးတွေထဲ အကိုပဲစိုးမိုးနေလေတော့ ကျနော်လည်း အလုပ်ထဲ သေချာအာရုံမစိုက်နိုင် ဒုဥက္ကဌကလည်း ကျနော့်က်ု ဆူရလွန်းလို့ မောသွားပုံရသည် အခုနောက်ပိုင်း ကျနော်ဘာလုပ်လုပ် အပြစ်ကိုမပြောတော့။ ကျနော်ကလည်း ထိုအရာကို အခွင့်ကောင်းယူကာ နေ့နေ့ညညအကို့အကြောင်းတွေချည်း တွေးနေမိသည် ပက်ဂျံုဆောင်းခေါ် ပက်ဂျေး ဆိုသူကြီးမှာ ယန်ဂျောင်ဝန်းအပေါ် အတော်ပင် ကြီးစိုးနိုင်လေသည်

"ဂျောင်ဝန်း ဒီနေ့စောပါလား"

ကားပါကင်မှာ ဒုဥက္ကဌနဲ့တွေ့တော့ ဒုဥက္ကဌက ကျနော့်ရဲ့ ဝီရိယကို အံ့ဩနေပုံ..

"ကျနော် အမြဲစောပါတယ်ဗျ"

ဒုဥက္ကဌက 'မထင်' ဆိုပီး ပုခုံးတွန့်ပြကာ elevator ထဲဝင်သွားလေသည် ကျနော်လည်း ခေါင်းလေးငုံ့ကာ လိုက်သွားလိုက်သည် elevator ထဲရောက်တော့

"ဂျောင်ဝန်း မနက်ဖြန်အားလား"

မနက်ဖြန်... လောလောဆယ်တော့ အစီအစဉ်မရှိသေးပေမဲ့ အကိုများ ညဖုန်းဆက်ပီး မနက်ဖြန်တွေ့ရန်ချိန်းဖို့ မသိစိတ်ကရော အသိစိတ်ကရော မျှော်လင့်နေမိသည်

Take My Dimple Where stories live. Discover now