Take My Dimple-4

306 43 2
                                    

"စီနီယာအကိုဂျုံဆောင်းက အရမ်းခန့်တာပဲနော်"

ထိုသူအမှာစကားပြောပြီးကတည်းက ကျောင်းမှာ အကြားရဆုံးစကားကိုပြောပါဆိုလျှင် ဤအကြောင်းပင်.. ပထမကျောင်းတက်ရက်တစ်ပတ်လုံး ကျနော်တို့အခန်းထဲသာမက တစ်ကျောင်းလုံးရှိ ကျောင်းသားကျောင်းသူများ၏ နှုတ်ခမ်းဖျားတွင် ပက်ဂျုံဆောင်း၏ ကောင်းကြောင်းများသာ စွဲကပ်နေသည် ဘာသာရပ်ဆရာဆရာမများကလည်း 'မင်းတို့စီနီယာ ဂျုံဆောင်းကို အတုယူနော်' ဟု တဖွဖွပြောနေတော့သည် အခုဒုတိယမြောက်အပတ်တွင်လည်း သူ့အကြောင်းဘလိုတွေကြားရအုန်းမလဲမသိ

"ဂျောင်ဝန်းးးး"

သူ့ရဲ့ bright energy ကိုသုံးကာ ကျနော့်အား ခေါ်လာသော ဆောနူး.. သူနဲ့ခင်တာ တစ်ပတ်ပဲရှိသေးပေမဲ့ သူလိုချင်တာကျနော့်အားပူဆာတော့မယ်ဆိုတာ ကျနော်ရိပ်မိ၍ နည်းနည်းကြောက်မိသည်

"အင်းး ပြောလေ"

"ငါတို့ စီနီယာတန်းတွေဆီ သွားရအောင်"

သူ့စကားဆုံးသည်နှင့် ကျနော်မျက်လုံးပြူးမျက်ဆံဖြူးဖြစ်နေမည်မှာ မှန်ကြည့်စရာကိုလိုမည်မဟုတ်။ စီနီယာတန်းဆိုတာနှင့် ပက်ဂျုံဆောင်းကိုသာ ခေါင်းထဲပြေးမြင်မိသည်လေ

"လုပ်ပါ နီခီမရှိတုန်း ခိုးသွားချင်လို့ပါ အဖော်လုပ်ခဲ့ပေးလေနော် နော် ဂျောင်ဝန်း"

ဟိုက် သေပါရော နီခီမှာ သူ့အိမ်ကခရီးသွားစရာရှိ၍ နှစ်ရက်ကျောင်းပျက်မည်ဟု ကျနော်တို့အား မနေ့ကလေးတင် chat ကပြောသွားခဲ့သည် သူမရှိတုန်း ဆောနူးအား အလိုမလိုက်ရန်လည်း ကျနော့်ကို အထပ်ထပ်မှာသည် အခုတော့ ကျနော်ခေါင်းသွေးတွေ ဆောင့်တိုးချင်လာသလိုပင်။ ကျနော်ဆောနူးကိုတားနိုင်မည်မဟုတ်ကြောင်း ကိုယ့်ကိုယ်ကိုသာ အသိဆုံးဖြစ်သည်

"အာရီးဂူး ငါတို့ဂျောင်ဝန်းလေးက ချစ်ဖို့အကောင်းဆုံးပဲ သွားမယ်"

နောက်ဆုံးမှာတော့ ကျနော်လိုက်လျောလိုက်ရတော့တယ် မဟုတ်ရင် သူက တစ်ယောက်တည်းသွားမယ်လုပ်နေတာလေ သူတစ်ယောက်တည်းသွားတာထက်စာရင် ကျနော်ပါပြီး သူ့ကိုထိန်းတာ ပိုကောင်းမယ်လို့ ထင်တယ်ကျနော်ပါသူနဲ့ပေါင်းပြီး ဆိုးသွားရင်တော့ မပြောတတ် နီခီပြန်လာလို့ ဒီအကြောင်းသိရင် နှစ်ယောက်လုံး ဂွမ်းတော့မှာ မြင်ယောင်နေမိ

Take My Dimple Where stories live. Discover now