Take My Dimple-13

285 36 3
                                    


"ဂျောင်ဝန်း ဂျောင်ဝန်း"

ဆောနူးကျနော့်ကိုယ့်ကို လာလှုပ်လေတော့ ကျနော်အသိစိတ်ပြန်ဝင်လာခဲ့သည် ထိုနေ့ညက ကိစ္စကိုသာ ကျနော်စိတ်ရောက်နေ၍ တခြားကိစ္စများကို အာရုံမစိုက်နိုင်ခဲ့သည်မှာ ရက်အနည်းငယ်မျှရှိချေပီ.. အခုလည်း သင်္ချာချိန်မှာ ဆရာမနဲ့ဆောနူးအပါအဝင် တစ်တန်းလုံးက ကျနော့်ကိုကြည့်နေကြ၍ ဘာဖြစ်လို့လဲ ဟူသောအကြည့်ဖြင့် ဆောနူးအား ကြည့်သောအခါ

"ဆရာမ မင်းကို ခေါ်နေတာ ဘာတွေစဉ်းစားနေတာလဲ"

"ယန်ဂျောင်ဝန်း ဒီအပုဒ်ရှေ့ထွက်ပြီးလာတွက်ပြ"

ကျနော်လည်း ကြောက်ကြောက်နဲ့ အတန်းရှေ့တွက်ပြလိုက်တော့ အဖြေမှန်သွားလို့ထင်သည် ဆရာမက ဆော့ပင်ကိုပြန်ယူလိုက်ပြီး ကျနော်ခုံသို့ ပြန်သွားထိုင်ခါနီးတွင်

"ဂျောင်ဝန်း မင်းကလူရည်ချွန်ဖြစ်မဲ့သူနော် ဒီကျောင်းရဲ့ ဂုဏ်ဆောင်ဖြစ်မဲ့သူ တခြားကျောင်းသားတွေအတွက် စံပြဖြစ်နေရမှာ နောက်ဆို စာသင်ချိန်တွေမှာ အာရုံစိုက်ပါ"

"Nae Mianae Sam"

အကိုက အဲ့နေ့ညပြီးကတည်းက ကျနော့်ကိုအဆက်အသွယ်လုံးဝမလုပ်.. သူလေဆိပ်သွားတာလည်း ကျနော်မသိလိုက်ရ.. စီနီယာဆောင်းဟွန်းတို့ပြောတာတော့ အကိုဖုန်းနံပါတ်ပြောင်းလိုက်ပြီတဲ့ ဟိုမှာလည်း အကိုအရမ်းအလုပ်ရှုပ်နေတယ်တဲ့ ကျနော့်ကိုအဆက်အသွယ်မလုပ်ပေမဲ့ စီနီယာဆောင်းဟွန်းတို့နဲ့တခါတလေဆက်သွယ်ဖြစ်တယ်တဲ့ ချစ်ရတဲ့အကို နိုင်ငံရပ်ခြားမှာ အဆင် ေပြ ေပြ ရှိေနရင်ကို ကျနော့်အတွက် လုံေလာက်တာထက် ပိုေနပါပီ အကိုမရှိတဲ့အတောအတွင်း အတက်နိုင်ဆုံး စိတ်ကိုငြိမ်အောင်ထားပြီး စာပဲဖိလုပ်ဖြစ်သည် ထို့ကြောင့်လည်း အခုဆိုလူရည်ချွန်နှစ်ထပ်ကွမ်းဟူသော ဘွဲ့ကို ရရှိနေလေပြီမဟုတ်လော.. အကို့ကိုတော့ ပြောပြချင်မိပါသည် ကျနော်လူရည်ချွန်ဖြစ်အောင် လုပ်ပြနိုင်ခဲ့ပြီဆိုတဲ့ အကြောင်းတွေကိုပေါ့

ငါးနှစ်ခန့်ကြာသော်.......

အချိန်ရာသီများ ပြောင်းလဲကုန်ဆုံးသွားသလို ကျနော့်နှလုံးသားလည်း တည်ငြိမ်စပြုနေပြီဖြစ်သည် အရင်ရင်ခုန်တတ်စ ၁၇ နှစ်အရွယ်က ဝေဝေဝါးဝါးခံစားချက်တစ်ခုကို အချစ်ဟုခေါင်းစဉ်တပ်ခဲ့မိသည် အချိန်ကြာလာသည်နှင့်အမျှ အကို့အပေါ်ထားသောကျနော့်အချစ်တွေသည် နှစ်ချို့ဝိုင်တစ်ပုလင်းကဲ့သို့ ဖြစ်စဉ်တူနေသည်... အခုချိန်အကိုနဲ့တွေ့ရန် မျှော်လင့်နေဆဲလားဟု မေးလျှင် ကျနော်တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းငြိမ့်မိမှာအမှန်။ အကိုနဲ့ပြန်တွေ့ရင် အတိတ်ကရင်ခုန်သံတွေ ပြန်လည်ရှင်သန်ခုန်ပေါက်လာမည်ကိုလည်း ကျနော်မငြင်းနိုင်။ အခုလည်း အဖေက ကျနော်ဘွဲ့ရပြီးတာနှင့် ကျနော်ရော အမေရောကို သူအလုပ်လုပ်နေတဲ့ Seattle ကို အပြီးပြောင်းလာဖို့ လှမ်းခေါ်တယ်လေ အဖေ့ရဲ့အလုပ်ရှင် ဥက္ကဌအီက ကျနော့်ကိုသူ့သားဘေးမှာအလုပ်တွေကို ကူလုပ်ပေးစေလိုသည်တဲ့ ကျနော်တို့မိသားစုသုံးယောက်အတူတူပြန်နေရတော့မှာလေ လက်မခံဘဲ ဘယ်နေပါ့မလဲ အခုလည်း သွားခါနီး လက်စသတ်ရမဲ့အလုပ်တွေနဲ့မအားလပ်သည့်ကြားက ကျနော်ကိုရီးယားမှာ တန်ဖိုးအထားရဆုံးလူတွေအတွက် ကော်ဖီဆိုင်မှာ အားလပ်သည့်အချိန်လေးကို လာပေးနေခြင်းဖြစ်သည်

Take My Dimple Where stories live. Discover now