Take My Dimple - 19

219 31 17
                                    

"ညီစိတ်ကစားတာ ဖြစ်မှာပါ"

ကျနော် ငါးနှစ်လောက်မျိုသိပ်ထားပြီး အခုမှ ခက်ခက်ခဲခဲ သတ္တိမွေးဖွင့်ပြောတာကို အကိုက အခုလိုပြောရက်တာလား

"ကျနော်တကယ်ပြောနေတာ အကို.. ကျနော့်ခံစားချက်တွေက စစ်မှန်တယ်"

အကိုက အမျိုးအမည်မသိတဲ့ အပြုံးတစ်ခုကိုတပ်ဆင်ရင်း

"အဲ့ဒါ ညီအကို့ကို အရမ်းခင်ရင်းကနေ အထင်မှားသွားတာ"

သိလိုက်ရတဲ့အမှန်တရားတစ်ခုကတော့ အကိုကကျနော့်အချစ်ကို မယုံဘူးဆိုတာပဲ

"အဲ့ဒါဆိုရင်တော့ ကျနော်ဒီငါးနှစ်လုံး စိတ်ကစားလာတာနေမှာပဲ ဟ"

ကျနော်ပြောပီးထွက်လာခဲ့လိုက်တယ် အနောက်ကအကိုလှမ်းခေါ်နေတာကြားပေမဲ့လည်း လှည့်မကြည့်ခဲ့ဘူး အခုအချိန်မှာ ကျနော်သိတာ ကျနော်အကို့ရှေ့မှာဆက်မနေချင်တော့ဘူးဆိုတာပဲ

"ညီ.. ညီ အကိုပြောတာ နားထောင်အုန်း"

ကျနော့်နောက်ကိုအကိုပြေးလိုက်လာကာ လက်ကိုလှမ်းဆွဲလိုက်ကာ သူနဲ့မျက်နှာချင်းဆ်ိုင်စေသည် ကျနော်အတင်းရုန်းကာ ကျောပြန်ခိုင်းပြီး မျက်ရည်တွေသုတ်လိုက်သည်

"အိမ်ပြန်လိုက်ပို့ပေးမယ် လာ"

ကျနော့်လက်ကိုပြန်ဆွဲကာကားပါကင်ဆီသို့ဦးတည်သွားသည် ကျနော့်ထပ်ရုန်းပြန်တော့ အကိုက ခနရပ်လိုက်ပီး

"အခုချိန် ညီ့ကိုတယောက်တည်းလွှတ်လိုက်ရင် အကို့အတွက်အဆင်ပြေမှာမဟုတ်ဘူး"

"ဒါပေမဲ့ကျနော့်အတွက် အဆင်မပြေဘူး အကို.. အခုချိန် ကျနော်တယောက်တည်းနေချင်တယ်"

ဒါပထမဆုံးအကြိမ် အကို့စကားကိုငြင်းပယ်ဖြစ်တာပဲ ဒီတစ်ခေါက်တော့ ကျနော်ကိုယ့်ကိုယ်ကို ရှေ့တန်းတင်ပါရစေ အကို

အကိုက ဘာမှမပြောတော့ဘဲ သက်ပြင်းချကာ ကျနော့်လက်ကို လွှတ်ပေးလိုက်သည် ကျနော်လည်း အဲ့နေရာကနေ လှည့်ထွက်လာလိုက်သည် လမ်းမှာတစ်လျှောက်လုံး စိတ်နဲ့ကိုယ်နဲ့မကပ်ဘဲ လျှောက်သွားနေတာ မိုးစက်တွေ ကျလာတာကိုပင် ဂရုမစိုက်နိုင်ဘဲ ခြေဦးတည့်ရာလျှောက်သွားနေလိုက်သည် ဘလောက်ကြာကြာလျှောက်နေမှန်းမသိ အသံကြားလို့သတိဝင်လာတော့ တကိုယ်လုံးတုန်ယင်နေပီ

Take My Dimple حيث تعيش القصص. اكتشف الآن