Take My Dimple-11

262 34 2
                                    

"ဆောနူး..ဆောနူး ပျောက်နေတယ် ဖုန်းဆက်တာလည်းမကိုင်ဘူး သူ့ဖုန်းက ကျန်ခဲ့တယ်ထင်တယ်"

"ဗျာ"

စီနီယာဆောင်းဟွန်းရဲ့စကားကြောင့် သွေးနထင်တက်သွားရသည် သူတို့ အချိုပွဲအတွက် ဖရဲသီးဝယ်မယ်ဆိုပြီး ထွက်သွားကြတာ အခု ဆောနူးကိုမတွေ့တော့ဘူးဆိုပီး သူ..သူတစ်ခုခုများ ဖြစ်နေတာများလား ပြန်ပေးဆွဲခံရတာတို့ဘာတို့လေ ကျနော်စီနီယာဆောင်းဟွန်းကို အကျိုးသင့်အကြောင်းသင့် ပြောပြီး မြန်မြန်ပင်ဖုန်းချလိုက်ကာ ကျနော်တို့လိုက်လာမည်ဖြစ်ကြောင်း ပြောလိုက်သည်
ထို့နောက် အကိုက တစ်ခုခုဖြစ်နေမှန်း ရိပ်မိသွား၍ ကျနော့်အနားသို့ရောက်လာကာ

"ညီ ဘာဖြစ်တာတုန်း"

ကျနော် စိတ်ကိုအငြိမ်ဆုံး ထားချင်သော်လည်း ဆောနူးအားစိတ်ပူစိတ်က လျော့ကျမသွားပေ။

"ဆောနူးနဲ့ စီနီယာဆောင်းဟွန်း လုစုကွဲသွားလို့ အခု.. အခုဆောနူးကိုမတွေ့တော့ဘူးတဲ့.. အကို ကျနော့်ကို စျေးကိုအမြန်လိုက်ပို့ပါနော်"

ကျနော်စိတ်ပူလွန်းလို့ ဂယောင်ဂခြားတွေဖြစ်နေပီ အခုချက်ချင်းပင် ဆောနူးကို သွားရှာချင်စိတ်တွေပေါက်လာပြီး တုန်လှုပ်နေတဲ့ပုံကို အကိုကမြင်သွားပီး

"ညီ အကိုပြောတာ သေချာနားထောင်... ဆောင်ဟွန်းတို့က ကားနဲ့သွားတာ စျေးကအရမ်းဝေးတယ် လမ်းလျှောက်မယ်ဆို မိနစ် ၃၀ လောက်လျှောက်ရမှာ ညီကအရမ်းလည်းစိတ်ပူနေတာဆိုတော့ လမ်းလျှောက်သွားလည်းအဆင်ပြေမှာမဟုတ်ဘူး အကိုတယောက်တည်းသွားလိုက်မယ် ညီဘာမှစိတ်မပူနဲ့ အကိုတွေ့အောင်ရှာခဲ့မယ် ဟုတ်ပီလား"

ကျနော်အကို့ကိုတယောက်တည်းစိတ်မချ၍ အတင်းလိုက်မယ်ဟုဆိုနေတော့ အကိုလည်း တားမရတဲ့အဆုံး ကျနော့်ကိုလိုက်ခဲ့ရန် ခွင့်ပြုလိုက်လေသည် Tent ဘေးမှာချထားတဲ့ လွယ်အိတ်ကိုကောက်လွယ်ကာ စီနီယာဂျယ်ယွန်း နီခီ နဲ့ ဟိုအမကြီးကိုတော့ စိတ်ပူနေမှာစိုး၍ ဒီနားခနလမ်းလျှောက်မည်ဟုပြောကာ ထွက်လာလိုက်သည် ကျနော်တို့ထွက်လာပြီး ၁၅ မိနစ်လောက်ကြာသောအခါ စီနီယာဆောင်းဟွန်းထံမှ ဆောနူးနှင့် ပြန်တွေ့ပီဖြစ်ကြောင်း ဖုန်းမှတစ်ဆင့် ကြားသိရသည်

Take My Dimple Where stories live. Discover now