Take My Dimple - 20

214 28 12
                                    

"ကျနော်သာ အကို့ကို မချစ်ခဲ့ဘူးဆိုရင် အကိုပျော်မှာလား"

တစ်စက္ကန့်
နှစ်စက္ကန့်..

"အကို..."

'ကလင် ကလင်'

အကို့အဖြေမဆုံးသေးခင် ဖုန်းကလာတယ်လေ မျက်လုံးကောင်းလွန်းတဲ့ ကျနော့်ကိုယ်ကျနော်ပဲ အပြစ်တင်ရမလား Contact Name ကို မြင်ဖစ်အောင်မြင်သွားသေးတယ် 'Hana' တဲ့ အကိုက ကျနော့်ကိုတချက်ကြည့်ပီး ဖုန်းကို အဝေးတွင် သွားပြောသည် ပြန်လာတော့ အကိုက

"အကို ကိစ္စတစ်ခုပေါ်လာလို့ ပြန်ရတော့မယ် ညီ"

အမဟာနာနဲ့ သွားတွေ့မလို့လားဟင် မေးချင်ခဲ့ပေမဲ့ အဖြေကို ကြားနိုင်စွမ်းမရှိတဲ့အတွက် မမေးဖစ်ခဲ့ ကျနော် တကယ် အကို့ကို လက်လွှတ်သင့်ပီ ထင်တယ်

"မသွားလို့ မရဘူးလား အကို"

အကိုကကျနော့်ကို ကျောခိုင်းပီးမှ ပြန်လှည့်လာကာ ဘာလို့လဲဆိုတဲ့အကြည့်ဖြင့်ကြည့်နေသည် ကျနော်ခေါင်းတချက်ငုံ့ပီး အကို့ကိုပြန်ကြည့်ကာ...

"ကျနော်မနက်ဖြန် Seattle ပြန်မှာ မွေးနေ့မှာ အကို့ကိုမတွေ့ရဘူးဆိုတော့ ဒီညဖြစ်ဖြစ် အကိုနဲ့ အကြာကြီး အတူတူရှိနေချင်လို့"

"အကိုတောင်းပန်ပါတယ် ညီ.. တကယ်အရေးကြီးနေလို့ပါ"

ကျနော့်စကားကို ဆုံးအောင်တောင် နားမထောင်ဘဲ ပြေးထွက်သွားတဲ့ အကို... နာကျင်ရတာ ကျနော်ပင်ပန်းလှပြီအကိုရယ်...

——————-

"ဂျောင်ဝန်း ဂျောင်ဝန်း"

ရုတ်တရက် ကားဘရိတ်အုပ်လိုက်တဲ့အရှိန်ကြောင့် ခန္ဓာကိုယ်က ရှေုသို့ယိုင်သွားပီး ဒုဥက္ကဌရဲ့ ခေါ်သံနဲ့အတူ အသိစိတ်ဝင်လာခဲ့သည်

"ဘာတွေ အတွေးလွန်နေတာလဲ"

"ကျနော် အိပ်ရေးသိပ်မဝလို့ပါ ဒုဥက္ကဌ"

"အိမ်ရှေ့ရောက်နေပီ လာ ဆင်းကြမယ်"

အဖေနဲ့အမေက အိမ်မှာ မွေးနေ့အတွက် ချက်ပြုတ်ထားပီး ဒုဥက္ကဌကိုပါ ဖိတ်ထားတာလေ အိမ်ထဲဝင်ဝင်ချင်း အိုမားက ကျနော် လာဖက်ပီး မွေးနေ့ဆုတောင်းပေးတယ် အဖေကတော့ ဒုဥက္ကဌကို မတ်တပ်ရပ်နေခိုင်းရတာ အားနာလို့ ထင်ပါရဲ့

Take My Dimple Where stories live. Discover now