Take My Dimple-15

263 42 12
                                    

"မတွေ့ရတာကြာပီနော် ညီ"

ထိုအသံကို ရူးလောက်အောင်လွမ်းနေခဲ့ရတာ အကို့ကိုစက္ကန့်တိုင်း သတိရနေခဲ့လို့ ကျနော့်ကိုကျနော်မုန်းမိတဲ့အထိကို အကို့ကိုသဘောကျနေခဲ့တာ ကျနော်မျက်လုံးထက်တွင် ဝဲတက်လာသော မျက်ရည်များကို ထိန်းလိုက်ပီး မျက်နှာကို သေချာကြည့်မိတော့ အကိုက လွန်ခဲ့တဲ့ငါးနှစ်ကနဲ့မတူ.. အရင်ကနဖူးထက်တွင် ကျနေသော ဆံပင်များကို နဖူးထက်သ်ု့ လှန်တင်ထားကာ ရင့်ကျက်တဲ့ပုံစံနဲ့ဖြစ်သည်

"အကိုဂျုံဆောင်းလား"

အကိုရဲ့ နှုတ်ခမ်းတစ်ခြမ်းသည် အပေါ်သို့ ကွေးညွတ်သွား၍

"အကို့ကိုမှတ်မိသေးတယ်ပေါ့"

တစက္ကန့်မှကို မေ့လို့မရခဲ့တာပါ အကိုရယ် ကျနော်ခေါင်းငြိမ့်ပြလိုက်သည်

"ညီက ဒီအခန်းထဲဘလိုရောက်နေတာလဲ အီဟီဆွန်းနဲ့လိုက်လာတာလား"

အကိုက ဒုဥက္ကဌကို ဘလိုသိတာပါလိမ့်

"ဟုတ်တယ် ဒါနဲ့အကိုက ကျနော်ဒုဥက္ကဌနဲ့ လိုက်လာမှန်း ဘလိုသိတာလဲ"

"ညီ့အင်္ကျီတွေက ပေနေတာပဲ အကိုင်္အကျီပေးမယ် ညီလဲချင်လား ပြီးမှဆက်ပြောကြတာပေါ့"

ကျနော်လည်းသဘောတူလိုက်တော့ အကိုက Toilet ထဲကထွက်သွားပီး ခနအကြာတော့ အင်္ကျီတစ်ထည်နဲ့အတူ ပြန်လာကာ

"အကို့အင်္ကျီတော့ရှာတွေ့ခဲ့တယ် ညီအဆင်ပြေလား"

ကျနော်ထပ်ခေါင်းငြိမ့်ပြလိုက်သည်

"အာ့ဆိုလဲပြီးထွက်လာခဲ့လိုက် အကိုအရှေ့မှာစောင့်နေမယ်"

အကို့ကိုယ်သင်းရနံ့ကတော့ လွန်ခဲ့သောငါးနှစ်ကအတိုင်းပင် တစ်စက်မှမပြောင်းလဲသေး အကို့င်္အကျီအနံ့ကို ခိုးနမ်းရင်း ပြံုးကာ ကျနော်ဝတ်လိုက်သည် အမှန်တိုင်းပြောရရင် အခုလိုအခြေအနေကို ကျနော်မမျှော်လင့်ထားမိ အခုဆို အကိုနဲ့ပြန်တွေ့ရသည့်အပြင် အကိုကလည်း ကျနော့်ကိုမှတ်မိတယ်ဆိုတော့ ကျနော့်အတွက် တံငါသည်ငါးရသလို ဖြစ်နေတာပေါ့ ကျနော်အတွက် အကို့အင်္ကျီက အနည်းငယ်ပွနေသော်လည်း ကျနော်သဘောကျနေမိသည် ထို့နောက်ကျနော်အရှေ့ကိုထွက်လာတော့ sofa မှာစောင့်နေတဲ့ အကို့ကိုတွေ့ရသည်

Take My Dimple Dove le storie prendono vita. Scoprilo ora