Take My Dimple-3

324 44 2
                                    

အမေရီးကားက ပြန်ရောက်တာ လေးရက်လောက်ရှိပြီ ဒီနေ့ကျောင်းတက်ရတော့မှာပါလား

ဟူး ဒီတခေါက် ကျနော်ကျောင်းအသစ်ပြောင်းရမှာလေ အဖေကငွေကြေးအဆင်ပြေလာတော့ ကျနော့်ကို ဒီ့ထက်ပိုကောင်းတဲ့ ကျောင်းမှာထားချင်တယ်ဆိုပြီး ကျနော့်ကိုမြို့ထဲကျောင်းပြောင်းထားတာ အဖေ့သူဌေးရဲ့အာဏာကျေးဇူးတွေလည်း ပါတာပေါ့လေ

"သွားလိုက်ပါအုန်းမယ်ခင်ဗျ"

ပေါင်မုန့်နဲ့နို့ကို မနက်စာအနေနဲ့စားပြီး အမေ့ကိုနှုတ်ဆက်ပြီးနောက် ကျောင်းသစ်ဆီသို့ တက်ကြွသောခြေလှမ်းများဖြင့် လျှောက်လာခဲ့သည် ကျနော်အခုတက်ရမဲ့ကျောင်းသည် အရင်တက်ခဲ့တဲ့ကျောင်းထက်အနည်းငယ်ပိုဝေးသည် လူချမ်းသာများကတော့ ကားနဲ့သွားကြလေသည် ကျနော့်လိုသူဌေးအကူအညီနဲ့ တက်ရတဲ့လူတွေအတွက်က ဒီလိုကျောင်းကောင်းမျိုးမှာ တက်ခွင့်ရတာတင် တော်တော်ကံကောင်းလွန်းလှနေပြီလေ

မျက်စိရှေ့မှာမြင်နေရသော်လည်း ကိုယ့်မျက်စိကိုယ်မယုံနိုင်လောက်အောင် သားနားနေသော ကျောင်းတော်ကြီး... ဒီလိုကျောင်းမျိုးကို ကျနော်ထူးချွန်ဖြေရင် ခနခနရောက်ဖြစ်သော်လည်း နေ့တိုင်းတက်ရောက်ရမည့်ကျောင်းတော်အဖြစ် တစ်ခါမှမတွေးဖူးခဲ့.. အခုမှပထမဆုံးရောက်ဖူးသောကြောင့် ကျောင်းရုံးခန်းလည်း ဘယ်မှာရှိမှန်း မသိ

"ဟို.. ကျောင်းရုံးခန်းက ဘယ်နားမှာလဲပြောပြလို့ရလားဗျ ကျနော်က ကျောင်းသားသစ်မို့ပါ"

ကျောင်းရှေ့ canteen မှာ ရယ်မောကာစကားပြောနေကြတဲ့ ကောင်လေးနှစ်ယောက်ကို ကျနော်စကားစမေးကြည့်လိုက်သည်

"ဝိုး ကျောင်းသားသစ်လေးလား ချစ်စရာလေး"

ချစ်စရာကောင်းသည်ဆိုတာစကားကို ကျနော်ငယ်စဉ်ကတည်းက ခနခနကြားဖူးပါသည် အမေ့မိတ်ဆွေအဖေ့သူငယ်ချင်းတွေနဲ့တွေ့တိုင်း 'သားလေးက ချစ်စရာလေးနော်' ဆိုသောစကားစုက အမြဲထွက်လာတတ်သည် ချစ်စရာကောင်းရသည်ကို ကျနော်မကြိုက် ကျနော်လည်း တခြားယောက်ျားလေးတွေလိုအရပ်ရှည်ရှည် ဗလတောင့်တောင့်နဲ့ ကြည့်ကောင်းသည် ဟူသောစကားကို တခြားသူထံမှ ပိုမျှော်လင့်မက်မောသည် Gym ဆော့သော်လည်း ထွက်မလာအရပ်နဲ့ကြွက်သားများကိုသာ အပြစ်တင်ရပေမည်

Take My Dimple जहाँ कहानियाँ रहती हैं। अभी खोजें