Take My Dimple-10

272 36 5
                                    

"ကလင် ကလင်"

နှိုးစက်သံကြောင့် မျက်လုံးအစုံမှာပွင့်လာသည် ဒီနေ့စခန်းချခရီး သွားရမည့်နေ့ဆိုတာ reminder ပေးစရာလိုတော့မည်မဟုတ် သူငယ်ချင်းတွေနဲ့ ပထမဆုံးထွက်ဖူးတဲ့ခရီး တစ်နည်းအားဖြင့် အကိုနဲ့အတူ ပထမဆုံးသွားရမဲ့ခရီးလေးပေါ့ ရာသီဥတုမှာတော့ အုံ့မှိုင်းနေ၍ နေကိုပင်မမြင်ရ ထီးယူသွားရမည်ကိုသတိရ၍ အံဆွဲထဲသော့ခတ်သိမ်းထားသော အကိုပေးခဲ့တဲ့ ထီးအပြာလေးကို ထုတ်၍ လွယ်အိတ်ထဲကောက်ထည့်လိုက်သည် အခြေအနေကောင်းခဲ့လျှင် အကိုနဲ့ Seattle မှာတွေ့ခဲ့တဲ့အကြောင်းကို အစဖော်ကြည့်မလို့လေ ကိုယ့်အတွေးနဲ့ကိုယ်တော့ အဆင်တွေပြေလို့ပဲ

"သားရေကားရောက်နေပြီနော်"

"ဟုတ်ကဲ့ အိုမား ဆင်းလာပြီ"

ကျနော်တို့ခရီးသွားကြမည်မှာ အကိုဆောင်းဟွန်းကားနှင့်ပင် စီနီယာက စီနီယာဂျယ်ယွန်း ဆောနူး နီခီ အကို ကျနော် အစဉ်လိုက်လာခေါ်မည်ဟု ဆိုကာ အခုကျနော့်ကိုလာခေါ်ခြင်းဖြစ်သည် ကျနော် အိပ်ရာပေါ်မှ backpack ကိုကောက်လွယ်ကာ တက်ကြွသော ခြေလှမ်းများဖြင့် မျက်နှာတွင်အပြုံးပန်းများဆင်မြန်းလျက် အောက်ထပ်သို့ဆင်းလာခဲ့သည် အောက်တွင်ရောက်နေသော ဆောနူးနီခီနဲ့ အကိုက အိုမားနဲ့ထိုင်ကာ စကားပြောနေကြသည်

"ကြည့်စမ်း ဒီကလေးခုမှ ဆင်းလာတယ် သူငယ်ချင်းတွေစောင့်နေရတာ ကြာနေပီ"

ကျနော်ခေါင်းလေးပုကာ အိုမားကိုရီပြလိုက်သည် အကိုကကျနော့်ကိုကြည့်ကာပြုံးပြပြီး အိုမားကိုပြန်ကြည့်ကာ

"သွားလိုက်ပါအုန်းမယ်ဗျ အန်တီ"

"အေးအေး ဂရုစိုက်သွားကြနော် ကားလည်းဖြေးဖြေးမောင်းအုန်း"

အမေ့ကိုနှုတ်ဆက်ကာ ကျနော်တို့ အိမ်ပြင်မှာရပ်ထားတဲ့ ကားဆီသို့ ဦးတည်လိုက်ကြသည် ကားရှေ့ခန်းမှာ စီနီယာဆောင်းဟွန်းကမောင်းသူနေရာတွင် ထိုင်နေသည် ဆောနူးကတော့ စီနီယာဆောင်းဟွန်းဘေးက ရှေ့ထိုင်ခုံတွင် တက်ထိုင်လိုက်သည်

"ညီ တက်"

အကိုက နောက်ခန်းတံခါးကိုဆွဲဖွင့်လိုက်တော့ ကျနော့်မျက်လုံးများပင် ပြူးကျယ်သွားရသည် အမဟာနာကြီးနဲ့ စီနီယာဂျယ်ယွန်းကို တွေ့လိုက်ရသည် ဆောနူးအစီအစဉ်ထဲမှာ အမဟာနာမပါ။ သူကဘလိုပါလာတာလဲ အကိုခေါ်လာတာလား သူကပဲအတင်းလိုက်လာတာလား

Take My Dimple Where stories live. Discover now