Take My Dimple-Final

377 38 6
                                    

လွန်ခဲ့သောသုံးနှစ်.. မင်္ဂလာပွဲမတိုင်ခင်တစ်ရက်အလို..

"သိပီးကြပီလား JJ company နဲ့ Jang company ရဲ့ င်္ဂလာပွဲပျက်သွားပီတဲ့"

—Link ပို့

"ဟယ် ဘလိုဖြစ်.. Park Jay ဘက်က စဖျက်သိမ်းတာဆိုပဲ"

"Share တွေထိုးကျတော့မှာပဲ"

Legend Company ဝန်ထမ်းများရဲ့ group chat ဖြစ်သည်.. ကျနော် ပို့လာတဲ့ link ကိုဝင်ကြည့်ကြည့်လိုက်တော့ တကယ်ဖျက်သိမ်းထားကြောင်းတွေ့လိုက်ရသည် အကို... ကျနော်အကို့ကိုဖုန်းဆက်တော့ အကို့ဖုန်းက ဆက်ပိတ်ထားတယ်တဲ့.. အကျိုးအကြောင်းဘာမှသေချာမသိရသေး ဆိုရှယ်မီဒီယာမှာတော့ ပွက်လောရိုက်နေပီဖြစ်သည် company နှစ်ခုလုံးရဲ့ ရှယ်ယာကလည်း တစ်ဝက်လောက်ထိ ကျဆင်းသွားသည် ခုချိန် အကို့ကိုဆက်သွယ်လို့မရတာက ကျနော့်အတွက် ပိုဆိုးနေသည် မနေ့ညက သူ့ကိုအိမ်ထဲဝင်ခိုင်းပီး စကားအေးဆေးပြောခဲ့သင့်တာ

တစ်ပတ်... တစ်လ... တစ်နှစ်... အကို့သတင်းကိုလုံးဝမကြားရ စီနီယာဆောင်းဟွန်းတို့နဲ့လည်း အဆက်အသွယ်မရတော့.. ကောလဟာလတွေကတော့ အစုံပါပဲ တချို့ကလည်းအကိုဒီလောကကြီးမှာ မရှိတော့ဘူးတဲ့ တချို့ကကျ အကို ကိုရီးယားပြန်သွားပီတဲ့.. ကျနော်ကတော့မယုံပါဘူး အကိုတစ်ယောက်တည်းကိုပဲယုံတယ် အကိုကျနော့်နားကို ပြန်လာမယ်ဆိုတာ သေချာပေါက်ယုံတယ် ဒီနေ့ဆို သုံးနှစ်တိတိပြည့်တဲ့နေ့ပေါ့

"ဂျောင်ဝန်းးးးရားးး"

လေဆိပ်မှာ အသံပြဲကြီးနဲ့အော်တာ ဘသူ့အသံဖြစ်ရမလဲ ကင်မ်ဆောနူးနဲ့နီခီပေါ့ သူတို့ဟန်းနီးမွန်းထွက်လာကြတာလေ လက်ထပ်ပွဲကိုတော့ ကိုရီးယားမှာပဲလုပ်ခဲ့ကြတာ ကျနော်ကတော့ မအားတာနဲ့မသွားဖစ်ဘူး

"ငါတို့လက်ထပ်ပွဲတောင် မလာနိုင်ရအောင်မင်းဘာတွေ အလုပ်များနေတာလဲ"

အိမ်မရောက်သေးဘူး စတွေ့တာနဲ့ရန်တွေ့တာပဲ

"ဆောတီးပါကွာ အဲ့ဒါကြောင့် ငါ့ရဲ့လက်ဖွဲ့အဖစ် ဒီဟန်းနီးမွန်းကို ပြင်ပေးထားတာလေ စားရိတ်ငြိမ်းနော်"

Take My Dimple Where stories live. Discover now