Take My Dimpe-8

260 35 1
                                    

~အကို မနက်ဖြန်အချိန်ရလား ~

ညနေကမိုးရွာထဲစက်ဘီးပတ်စီးပြီး အိမ်ပြန်ရောက်တော့ မနက်ဖြန်လည်း အကို့ကိုတွေ့ချင်စိတ်တွေက စိတ်ထဲအပြည့်.. ကျောင်းပိတ်ရက်ဆိုတော့ သူတို့အတန်းလည်းသွားချောင်းလို့မရ.. စာသွားသင်စရာလည်းမရှိဆိုတော့ ကျနော်အရဲစွန့်ပြီး အကို့အားစာပို့လိုက်သည် ကျနော့်မှာ ပြန်စာမရမချင်း ဖုန်းကိုလက်ထဲကမချနိုင် noti အသစ်ဝင်မဝင်ဘဲ စောင့်နေမိသည် ဆယ်မိနစ်လောက်နေတော့မှ ဝင်လာသော မက်ဆေ့ချ်တစ်စောင်.. ကျနော်မျှော်နေတဲ့အကို့ဆီကပေါ့

~အင်း ရတယ်ညီ ဘာဖြစ်လို့လဲ~

~ဆောနူးနဲ့နီခီက ရုပ်ရှင်သွားကြည့်မယ်ဆိုလို့ အကိုတို့ရော လိုက်ခဲ့ပါလား~

~အွန်း ရတယ်လေ ဆောင်းဟွန်းတို့ကိုပါ ခေါ်ခဲ့လိုက်မယ်~

ဒီတခေါက်တော့ ဆောနူးနဲ့နီခီကို ခုတုံးလုပ်လိုက်ပြီလေ ဆောနူးဆိုသူမှာလည်း စီနီယာဆောင်းဟွန်းပါမယ်ဆိုနှစ်ခါမခေါ်ရသူ.. နီခီကလည်း ဆောနူးပါရင် အော်တိုပါပြီးသားလေ ဟင်းဟင်း ယန်ဂျောင်ဝန်းတို့များ အကြံပိုင်ချက်... ကိုယ့်အကြံကိုယ်သဘောကျနေစဉ် ကျနော့်ဖုန်းထဲသို့ မက်ဆေ့ချ်တစောင်ထပ်ရောက်လာသည် အကို့ဆီကပဲ..

~ညနေက မိုးမိထားတာဆိုတော့ နွေးနွေးထွေးထွေးဝတ်ပီးအိပ်နော် Good Night ညီ မနက်ဖြန်တွေ့မယ်~

အားးးးး အကိုကကျနော့်ကိုစိတ်ပူနေတာပဲ ပျော်လိုက်တာ ဟီးဟီး

~Good Night ပါအကို အိမ်မက်လှလှမက်ပါစေ~

အိမ်မက်ထဲကိုကျနော်အလည်လာခဲ့ချင်တယ် အကိုရယ်.. ကျနော့အိမ်မက်ထဲလည်း အကိုလာခဲ့ပါနော် ကျနော်တော့အကို့စိတ်နဲ့ ရူးတော့မှာပဲဗျာ... မနက်မိုးလင်းတော့ ကျနော်စောစောထ ရေမိုးချိုးပြီး အလှပြင်တော့တာပေါ့ဗျာ ကျနော်အကြိုက်ဆုံး ဟူဒီအပြာလေးကို ရွေးဝတ်လိုက်ပြီး အိမ်ရှေ့ကဒန်းလေးမှာ အသင့်စောင့်နေလိုက်တယ် မနေ့ညက အကိုနဲ့ ပြောပြီးပြီးချင်း Gp chat  ထဲကနေ ဆောနူးနဲ့နီခီကို ဇာတ်လမ်းဆင်ပြီးသွားပြီလေ ခိခိ လေးဆယ့်ငါးမိနစ်လောက်ကြာတော့ အိမ်ရှေ့ကို ဟိုနှစ်ကောင် ရောက်ချလာပြီလေ..

Take My Dimple Where stories live. Discover now