Take My Dimple-12

333 38 5
                                    

မီးပုံပွဲပြီးသွားတော့ အိပ်မပျော်၍ ကျနော်ဘေးနားမှာအိပ်နေသော အကို့ကိုကြည့်ကာ ပြုံးလိုက်ပြီး တိတ်တိတ်လေးထွက်လာခဲ့သည် ရှေ့မှာထိုင်နေရင်း ညနေက နီခီနဲ့ဆောနူးတို့ပြောတဲ့ရေကန်လေးဘေးကို သွားချင်လာ၍ အပြင်က လေအေးတမုန်မုန်ကြောင့် အထဲက အနွေးထည်လေးဝင်ယူတော့ ခုနကဘေးမှာအိပ်ပျော်နေတဲ့အကို့နေရာကလစ်လပ်နေသည် ဘယ်သွားမှန်းမသိသောကြောင့် အနွေးထည်လေးယူကာ ပြန်ထွက်ပြီး ရေကန်လေးရှိရာသို့ ခြေလှမ်းများကိုဦးတည်လိုက်သည် ရေကန်နားတွင် ထိုင်နေသော အကိုဟုထင်ရတဲ့လူတစ်ယောက်ကိုတွေ့၍ ရှေ့ဆက်လျှောက်လာလိုက်သည်

"အကို..."

ထိုသူက လှည့်ကြည့်လာ၍ အမှန်တကယ်ပင်အကိုဖြစ်နေလေသည်

"ညီ လာထိုင်လေ"

ကျနော်လည်း အကို့ဘေး ကန်ဘောင်ပေါ်တွင် ခြေထောက်ဆင်းကာ ထိုင်လိုက်သည်

"ညီပျောက်သွားလို့ ဘယ်ရောက်နေလဲစဉ်းစားနေတာ ဒီရောက်လာတာပဲ"

"အိပ်မပျော်လို့လေ.. မနက်ဖြန်ပြန်ရတော့မှာဆိုတော့ နှမြောနေသလိုလို မပြန်ချင်သေးသလိုလိုနဲ့"

အကိုကကျနော့်ဘက်လှည့်ပြီး ခေါင်းငြိမ့်ကာ ရေကန်ရှေ့တည့်တည့်ကိုကြည့်ပြီး

"ဘာလို့မမေးတာလဲ"

"ဗျာ ဘာကိုလဲ"

အကိုကကျနော့်ကိုတစ်ချက်မှမကြည့်ဘဲ ပြန်ဖြေသည်

"ထီးကိစ္စလေ"

ထီးကိစ္စ?? ဒါဆိုအကိုမှတ်မိနေတာလား

"အကို အဲ့ထီးကို မှတ်မိတာလား"

"ထီးရော ညီ့ကိုရော... Seattle မှာတွေ့ကတည်းကသိလိုက်တာ ဆေးရုံမှာတွေ့ခဲ့တဲ့ကောင်လေးပဲဆိုပြီး"

အကိုကပြောပြီးတော့မှ ကျနော့်ဘက်ကိုလှည့်ကာ သူ့မျက်ဝန်းလဲ့လဲ့လေးများနှင့် ကျနော့်ကိုကြည့်လာသည် ဟင်.. ဒါဆို အကိုက ကျနော့်ကိုမှတ်မိတာပေါ့နော် ဆေးရုံမှာတွေ့ကတည်းက အကို့စိတ်ထဲမှာ ကျနော်ရှိနေခဲ့တယ်ပေါ့

"အာ့ဆို ကျောင်းမှာစတွေ့တုန်းက ဘာလို့မပြောခဲ့တာလဲ"

"ညီ နေရခက်မှာစိုးလို့.. ညီ အကို့ကို မှတ်မိမယ်ဆိုတာလည်း မသေချာဘူးလေ မနေ့ကထီးကိုမြင်တော့မှ ညီကဘာမှမမေးဘဲ နေနေတော့ တစ်မျိုးဖြစ်နေတာ အကယ်လို့ ညီ မမှတ်မိရင်လည်း အကိုကပြောပြမလို့"

Take My Dimple Where stories live. Discover now