{ စာတစ်စောင်ကိုလက်ခံရရှိခြင်း }

1K 101 5
                                    

"ဗိုလ်မှူးအတွက်စာရောက်လာလို့ပါ"

ဂျယ်ဟွန်းကသူ့ရဲ့လက်ထဲကမှာသေနတ်တစ်လက်ကို ကိုင်ဆောင်ထားပြီးတော့ သူ့ရဲ့မျက်လုံးတွေကသူ့ရှေ့ကပစ်မှတ်ကိုသေသေချာချာစိုက်ကြည့်နေတယ်။

ဂျယ်ဟွန်းရဲ့လက်ညှိုးကတစ်ချက်လှုပ်ရှားသွားတာနဲ့ ကြီးမားတဲ့အသံတစ်ခုကိုဖြစ်ပေါ်စေပြီးတော့ ကျည်ဆန်တစ်တောင့်ကချက်ချင်းပဲလှုပ်ရှားနေတဲ့ပစ်မှတ်ကိုသွားရောက်ထိမှန်သွားတယ်။

ချက်ချင်းပဲစစ်သားတွေအားလုံးထဲက တစ်ယောက်ကဂျယ်ဟွန်းရဲ့ပစ်မှတ်ဖြစ်တဲ့ လှုပ်ရှားနေတဲ့ပန်းသီးကိုအပြေးသွားယူကာဂျယ်ဟွန်းနားပြန်ပြေးလာပါ၏။

လက်အောက်ငယ်သားအပါအဝင်အကုန်လုံးက ဂျယ်ဟွန်းရဲ့လက်ဖြောင့်အတည့်ဆုံးဗိုလ်မှူးဆိုတဲ့ နာမည်အရလှုပ်ရှားနေတဲ့သေးငယ်သောပန်းသီးကိုထိမထိကိုသိချင်နေကြတယ်။

"ငါအခုအလုပ်လုပ်နေတာကိုမမြင်ဘူးလား"

ဂျယ်ဟွန်းကအများကြီးပြောမယ့်အစား ဒီတစ်ခွန်းကိုသာပြောလိုက်လေတယ်။ သူတို့ရဲ့တစ်တပ်လုံးကဗိုလ်မှူးဂျောင်အကြောင်းသိကြလေတယ်။

စကားကိုအများကြီးပြောရတာမကြိုက်ဘူး။ စကားကိုခဏခဏထပ်ခါထပ်ခါပြောရတာလဲမကြိုက်သလို လူတစ်ယောက်ကသူ့ရဲ့အသားကိုထိတာလဲမကြိုက်ဘူး။

အကုန်ခြုံပြောရမယ်ဆိုရင်တော့ အေးစက်လွန်းတဲ့ရေခဲဘုရင်လို့ပြောလို့ရမယ်။ သူတို့ရဲ့ဗိုလ်မှူးကပြုံးရတာကိုမုန်းပေမယ့် သူတို့ဗိုလ်မှူးရဲ့အပြုံးကိုအနီးကပ်လက်အောက်ငယ်သားအချို့ကတော့မြင်ဖူးလေတယ်။

အရေးကြီးစစ်ဆင်ရေးလုပ်ဖို့ပြင်ဆင်နေတုန်းမှာ ဗိုလ်မှူးဟာလူတစ်ယောက်ကိုခေါ်လာခဲ့ဖူးပြီး ထိုလူကစကားတစ်ခွန်းပြောလိုက်တာနဲ့တင် သူတို့ရဲ့အရယ်အပြုံးမဲ့ဗိုလ်မှူးဟာ မရေတွက်နိုင်သောအပြုံးတို့ကိုပေးသည်တဲ့လေ။ အင်မတန်ကိုအံ့ဩစရာမဟုတ်လား။

"ဒါပေမယ့် မဖြစ်မနေဗိုလ်မှူးဆီရောက်မှရမယ်လို့ပြောထားလို့ပါ"

"ဘယ်သူ့ဆီကလဲ?"

ဂျယ်ဟွန်းကသူ့ရဲ့လက်ထဲကပစ္စတိုသေနတ်ကို သူ့ဘေးဘက်အနောက်ကလက်ထောက်အားပေးလိုက်လေပြီးတော့ စာပို့တဲ့သူဆီကိုပြန်မေးလိုက်လေတယ်။

Letter For My Dear General Where stories live. Discover now