'ဝေးပြီလို့စဉ်းစားပေမယ့်တော်ပါသေးတယ်။ ခဏပဲသွားရမှာမို့တစ်ပတ်ကြာရင်ဗိုလ်မှူးရဲ့ပြန်တွေ့ရမည်တဲ့လေ။ ဗိုလ်မှူးရဲ့အဲ့နေ့ကလုပ်ရပ် ကျွန်တော့်ဘဝကအပျော်ရဆုံးအခိုက်အတန့်တစ်ခုပဲ"
"ဒီနေ့တော့ပန်းတွေမပါလာဘူးပဲ"
ထယ်ယုံးကအိမ်တံခါးဝကနေထွက်ထွက်ခြင်းမှာပဲ တွေ့လိုက်ရတဲ့ဂျယ်ဟွန်းကိုကြည့်ကာပြောလိုက်တယ်။ ခါတိုင်းလိုမျိုးပန်းတစ်စီး ပန်းတစ်ပွင့်နဲ့မဟုတ်ဘဲ ဒီနေ့တော့ဘာမှမပါလာ။
ဂျယ်ဟွန်းကပြုံးရင်းသူ့ရဲ့လက်အား အရှေ့သို့ထုတ်ကာဖြန့်ပြလိုက်လေတော့ ထယ်ယုံးကအလိုက်တသိနဲ့ပဲကိုင်လိုက်ပြီး သူတို့ကကျဉ်းမြောင်းတဲ့ လမ်းသေးသေးလေးကနေ ထွက်လာခဲ့ကြတယ်။
"ဒီနေ့ကိုယ်ဘာလို့ပန်းတွေမပါလာလဲသိလား"
ဂျယ်ဟွန်းကထုံးစံအတိုင်းပဲ သူ့ရဲ့အသံကိုနူးညံ့ပျော့ပြောင်းရင်းနဲ့မေးလာလေတယ်။ ထယ်ယုံးကလဲဂျယ်ဟွန်းဘက်လှည့်ကာကြည့်လိုက်ရင်း ခေါင်းခါလိုက်တော့
"ဒီနေ့... ကိုယ်တို့တူတူပန်းသွားဝယ်ကြမယ်"
ဂျယ်ဟွန်းကပြုံးရင်းနဲ့ပြောလာတဲ့အခါမှာ ထယ်ယုံးကချက်ချင်းပဲတက်ကြွစွာဖြင့် ခေါင်းကိုတဆတ်ဆတ်ငြိမ့်လိုက်ရင်း မေးခွန်းထုတ်လိုက်ပါ၏။
"ဒါနဲ့ဒီနေ့ကဘာနေ့မို့လို့လဲ?"
ထယ်ယုံးရဲ့မေးခွန်းကိုကြားတော့ ဂျယ်ဟွန်းကဘာမှမပြောဘဲနဲ့ ပန်းဆိုင်အထဲထဲကိုပဲထယ်ယုံးရဲ့ လက်ကိုဆွဲရင်းနဲ့ပဲအထဲကိုဝင်သွားလေတော့တယ်။
ဂျယ်ဟွန်းက ကျူးလစ်ပန်းအဝါရောင်ကိုကောက်ယူလိုက်ရင်း ယုံးရှေ့ကိုထိုးပေးလိုက်ကာ
"ဒီနေ့မင်းပန်းတွေကိုကြိုက်သလောက်ရွေး ကိုယ်အကုန်ဝယ်ပေးမယ်"
"..?"
ဂျယ်ဟွန်းရဲ့စကားကိုကြားတော့ ထယ်ယုံးကမေးခွန်းပြည့်စွာနဲ့ပဲ ဂျယ်ဟွန်းအားပြန်ကြည့်လိုက်မိတယ်။ ဂျယ်ဟွန်းကထယ်ယုံးရဲ့အလိုလိုစောင်းသွားသော ခေါင်းလေးအားအသဲယားစွာပြုံးလိုက်မိပြီး
YOU ARE READING
Letter For My Dear General
Romanceသို့ - ကျွန်တော့်ရဲ့ချစ်ရပါသောဗိုလ်မှူး 'ကျွန်တော့်ဘဝရဲ့နောက်ဆုံးလားမသိတဲ့အချိန်မှာ ဒီစာလေးကိုရေးခဲ့ပါတယ်။ ဗိုလ်မှူး... ဒါကိုဖတ်နေရဲ့လား...? အဆုံးသတ်ကဒါဖြစ်မယ်ဆိုတာကို ကျွန်တော်ကြိုသိခဲ့ပါတယ် ဗိုလ်မှူး... အဆုံးသတ်ကိုသိရက်နဲ့နောက်မဆုတ်နိုင်ခဲ့တာ...