'ဗိုလ်မှူးရဲ့အလုပ်ကတင်းကြပ်တဲ့ပုံစံကိုပထမဆုံးအနေနဲ့ကျွန်တော်မြင်ခဲ့ရတော့အံ့ဩမိခဲ့တယ်။ ပြီးတော့တစ်ခုကိုသိခဲ့ရတယ်။ ဗိုလ်မှူးကကျွန်တော့်ကိုပဲပြုံးပြတာတဲ့'
"ကိုယ့်ရဲ့ယုံး~"
ထယ်ယုံးကကော်ဖီဆိုင်တစ်ဆိုင်ရဲ့ အပြင်ဘက်ကစားပွဲခုံတစ်ခုမီာထိုင်ပြီးတော့ ကဗျာတစ်ပုဒ်ကိုရေးစပ်နေခဲ့တယ်။ အရာအားလုံးကသူ့အတွက်အေးချမ်းနေတာပါပဲ။
မိုးမရွာတာကပဲကောင်းတဲ့ရာသီဥတုလို့ ပြောရမည်ထင်။ နေသာနေပေမယ့်လည်းနေပူနေခြင်းမရှိတဲ့အပြင် ပြာရောင်တောက်ပနေတဲ့ကောင်းကင်ကို တိမ်များဖြင့်အလှဆင်ထားတဲ့အခါမှာ စာအုပ် အပေါ်မှာ ကဗျာလေးတစ်ပုဒ်ကဖြစ်တည်လာတယ်။
သူကနွေးထွေးတဲ့နေရောင်ခြည်အောက်မှာ နွေးထွေးတဲ့ကဗျာတစ်ပုဒ်ကိုရေးစပ်နေရင်းနဲ့ သူ့ရဲ့အနောက်ကနေခေါ်သံတစ်ခုကိုကြားလိုက်ရလေတယ်။
ထယ်ယုံးကချက်ချင်းပဲအနောက်လှည့်ကြည့်လိုက်တော့ ထိုစကားတတ်သောယောင်္ကျားဟာမတ်တပ်ရပ်လျက်ရှိနေလို့။ သူ့အားနေ့တိုင်းလာရှာနေသလားပင်။
နေ့နိုင်းနီးပါးကို ထိုယောင်္ကျားအားတွေ့ရသည်။ ဘယ်နားကနေဘယ်လို သူ့ရှေ့တွင်ရုတ်တရက်ပေါ်ပေါ်လာသလဲဆိုတာကို ထယ်ယုံးလဲအဖြေရှာမရချေ။
"ကိုယ်ဒီမှာထိုင်မယ်နော် ယုံး..."
ထယ်ယုံးကခေါင်းငြိမ့်လိုက်တော့ ဂျယ်ဟွန်းကထယ်ယုံးဘေးကခုံမှာဝင်ထိုင်လိုက်လေတယ်။ သူ့ပုံစံကပုံမှန်အတိုင်းပင်။ ပေါ့ပေါ့ပါးပါးဖြင့်လေးနက်လို့။
'ယုံး' ဟုခေါ်သံကြားတော့ထယ်ယုံးကတစ်ဖန် ရင်ခုန်ရကာအလိုလိုပြန်ပြုံးမိပြန်သည်။ 'ယုံး' ဟူ၍...။ သူ့အားမြတ်နိုး၍ 'ယုံး' ဟုခေါ်ပါမည်တဲ့လေ။
"ဒီနေ့လည်း ကျွန်တော့်ကိုရှာတွေ့ပြန်ပြီ"
"ကိုယ်က ယုံးကိုအချိန်တိုင်းရှာတွေ့ပါတယ်။ ယုံးကဘယ်နေရာပဲရောက်ရောက်ပေါ့..."
ထယ်ယုံးကပြုံးရင်းနဲ့ပြောလိုက်တဲ့စကားကို ဂျယ်ဟွန်းကလည်းသူ့ကိုပြန်ပြုံးပြလိုက်ကာ ခါတိုင်းလိုပဲသဘာဝကျကျဖြင့်နူးညံ့စွာစကားပြန်လာလေတယ်။
YOU ARE READING
Letter For My Dear General
Romanceသို့ - ကျွန်တော့်ရဲ့ချစ်ရပါသောဗိုလ်မှူး 'ကျွန်တော့်ဘဝရဲ့နောက်ဆုံးလားမသိတဲ့အချိန်မှာ ဒီစာလေးကိုရေးခဲ့ပါတယ်။ ဗိုလ်မှူး... ဒါကိုဖတ်နေရဲ့လား...? အဆုံးသတ်ကဒါဖြစ်မယ်ဆိုတာကို ကျွန်တော်ကြိုသိခဲ့ပါတယ် ဗိုလ်မှူး... အဆုံးသတ်ကိုသိရက်နဲ့နောက်မဆုတ်နိုင်ခဲ့တာ...