{ မိတ်ဆက်ပေးခြင်း }

188 47 2
                                    

'ဗိုလ်မှူးရဲ့အလုပ်နေရာကလူတွေအပြင်မိသားစုတွေအထိပါသိလာရတဲ့အခါ ကျွန်တော်အနည်းငယ်စိတ်လှုပ်ရှားနေခဲ့တယ်
ပိုပြီးနီးကပ်လာတာနဲ့အမျှဝေးကွာသွားမှာကိုကြောက်မိပေမယ့်ပေါ့...'

"ဒါကကိုယ့်အမေရဲ့ဆိုင်လေ"

ဂျယ်ဟွန်းရဲ့စကားကိုကြားတော့ ထယ်ယုံးရဲ့ခြေလှမ်းတွေကချက်ချင်းပဲတုံ့ဆိုင်းသွားတယ်။ အစကတော့သာမာန်စာအုပ်ဆိုင်ထင်၍ လာဖို့သဘောတူခဲ့ပေမယ့် ဂျယ်ဟွန်းရဲ့အမေကဖွင့်ထားသောဆိုင်ဟူသောအသိက ထယ်ယုံးကိုတွေဝေစေတယ်။

"ဒီမှာယုံး ရှာနေတဲ့စာအုပ်တွေရှိမှာပါ"

ဂျယ်ဟွန်းကစာအုပ်ဆိုင်သေးသေးလေးထဲကို ဝေ့ပြီးကြည့်နေတဲ့ထယ်ယုံးကိုကြည့်ကာနောက်တစ်ခွန်းပြောလိုက်တယ်။ ဒါပေမယ့်ထယ်ယုံးကတော့မလှုပ်ရှားလာ။

ထယ်ယုံးကစဉ်းစားမိသည်။ တကယ်ပဲဂျယ်ဟွန်းကဘာကိုစဉ်းစားတွေးတောနေတာများလဲ? ဘာလို့သူ့ရဲ့မိဘတွေရှိရာနေရာဆီခေါ်လာတာလဲ?

ထယ်ယုံးကစဉ်းစားလို့မရပေ။ ထို့ကြောင့်ဂျယ်ဟွန်းရဲ့မျက်နှာကိုအလိုလိုကြည့်လိုက်မိပါ၏။ ဂျယ်ဟွန်းရဲ့မျက်နှာက ယခင်အတိုင်းပင်။

နူးညံ့သောမျက်နှာထားတစ်ခုနှင့် နူးညံ့စွာပဲအချစ်ဟုအမည်တပ်၍ရသော ခံစားချက်များပါဝင်သည့်မျက်လုံးများဖြင့်ထယ်ယုံးကိုကြည့်နေလေသည်။

အမြဲလိုလိုခံစားချက်များကိုမျက်နှာပေါ် သိပ်မဖော်ပြတတ်တဲ့ဂျယ်ဟွန်းကအခုလဲအတူတူပင်။ ဂျယ်ဟွနး်ရဲ့စိတ်ထဲဘာတွေတွေးတောနေသလဲဆိုတာကိုမခန့်မှန်းနိုင်။

ထပ်ပြီးဂျယ်ဟွန်းရဲ့စိတ်ကိုမခန့်မှန်းနိုင်သေးခင်မှာပဲ ဂျယ်ဟွန်းကသူ့ရဲ့မြင်ကွင်းအရှေ့ကနေထွက်သွားလေတယ်။ ထယ်ယုံးကဂျယ်ဟွန်းရဲ့ခြေလှမ်းတွေနောက်ကိုလိုက်ကြည့်မိတော့လက်တစ်စုံ။

ထယ်ယုံးရဲ့အရှေ့မှာရှိနေတဲ့ ဂျယ်ဟွန်းရဲ့ကြီးမားသောလက်ဟာ တွေဝေတုံ့ဆိုင်းနေတဲ့ ထယ်ယုံးကိုပိုပြီးတော့တုံ့ဆိုင်းကာ နှေးကွေးစေတယ်။

Letter For My Dear General Where stories live. Discover now