{ မြတ်နိုးရသူမို့ }

234 63 3
                                    

'ကျွန်တော့်အတွက်ဝယ်လာတဲ့ဖောင်တိန်လေးကိုဗိုလ်မှူးကပေးဖို့ရာ ကျွန်တော့်ကိုတစ်ခုတောင်းဆိုခဲ့တာမှတ်မိပါသေးလား။ ဗိုလ်မှူးရဲ့စကားကြောင့်ကျွန်တော်တောင်ခပ်လွင်လွင်ရယ်ရာကနေတစ်ချက်တန့်သွားပြီး ရင်ခုန်ခဲ့ရပါသေးတယ်'


"ဗိုလ်မှူးမှာချစ်သူရှိတယ်မလား"

သူတို့နှစ်ယောက်ကအေးအေးဆေးဆေးပဲ ဈေးလမ်းမပေါ်အတူတူလမ်းလျှောက်နေကြရင်းနဲ့ ရုတ်တရက်မေးလာသောမေးခွန်းကြောင့်အနည်းငယ်မျက်နှာမဲ့စွာနဲ့ ထယ်ယုံးကိုကြည့်လိုက်တယ်။

ထယ်ယုံးကတော့ဘာမှမဖြစ်သလိုပဲ လမ်းဆက်လျှောက်နေပါသည်။ ဂျယ်ဟွန်းကလည်းထိုအခါပုံမှန်အသံနဲ့ပဲ ထယ်ယုံးရဲ့မေးခွန်းကိုပြန်ဖြေလိုက်တယ်။

"ချစ်သူမရှိပေမယ့် ချစ်ရသူတော့ရှိတယ်ဗျ"

"ထင်ပါတယ်။ ဗိုလ်မှူးလိုစကားပြောချိုသာတဲ့လူကချစ်ရသူတော့ရှိမှာပေါ့"

ထယ်ယုံးရဲ့ကလေးဆန်ပြီး အဆက်အစပ်မရှိတဲ့စကားကိုကြားတဲ့အခါမှာတော့ ရယ်သာရယ်လိုက်မိတော့တယ်။ တကယ့်ကိုဒီလူသားလေးဟာချစ်စဖွယ်။

"စကားပြောချိုသာတိုင်းချစ်သူရှိမလားဗျ"

"ဒါပေမယ့်ဗိုလ်မှူးကမတရားချောမောတယ်လေဗျ"

ဂျယ်ဟွန်းရယ်သံနှောသောရဲ့စကားသံကိုကြားတော့ ထယ်ယုံးကဂျယ်ဟွန်းဘက်လှည့်လာကာ နှုတ်ခမ်းတို့ကိုဆူရင်းခွန်းတုံ့ပြန်လာလေတယ်။

ထိုအရာကိုတွေ့တော့ဂျယ်ဟွန်းခင်ဗျာအသဲယားရပြန်သည်။ ပြုံးလိုက်တဲ့အပြုံးတစ်ခုဆီ၊ ပျော်တဲ့အခါအရောင်လက်နေတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေကနေ စကားပြောလိုက်တိုင်းလှုပ်ရှားသွားတဲ့နှုတ်ခမ်းပါးလေးတွေထိ။

ဒါတွေကလောကကြီးမှာအလှပဆုံးအရာလို့ ထင်ခဲ့ပေမယ့်ဂျယ်ဟွန်းမှားသွားခဲ့သည်။ သူ့ကိုစိတ်ကောက်ပြီး၊ သဝန်တိုသည့်အချိန်တွင် ဆူလာသောနှုတ်ခမ်းလုံးလုံးလေးတွေနဲ့ အသာလေးတွန့်နေသောမျက်ခုံးတွေများနှင့် မျက်နှာလေးကသာအလှပဆုံးဖြစ်နေပါ၏။

Letter For My Dear General Where stories live. Discover now