'ဗိုလ်မှူးလုပ်ရပ်ကြောင့်စိတ်ဆိုးနေတဲ့ကျွန်တော်က ဗိုလ်မှူးရဲ့ကျွန်တော့်ကိုပြောလိုက်တဲ့စကားတစ်ခွန်းမှာ ကျွန်တော့်ရဲ့နှလုံးသားလေးကနောက်တစ်ဖန်နူးညံ့သွားခဲ့ရပါတယ်'
"ဗိုလ်မှူး?!"
ထယ်ယုံးကခါတိုင်းလိုပဲမိုးမရွာတဲ့အချိန်လေးမှာ ဆိပ်ကမ်းဘေးနားတစ်လျှောက်တွင်လမ်းလျှောက်ထွက်ဖို့အတွက် အိမ်ပေါက်ဝကနေထွက်ထွက်လာချင်းမှာပဲသူကအံ့ဩသွားရတယ်။
သူ့ရဲ့အိမ်ရှေ့ကကျူးလစ်ပန်းတစ်စည်းကိုကိုင်ကာ မတ်တပ်ရပ်စောင့်နေသောဂျယ်ဟွန်းပင်။ ထုံးစံအတိုင်းယူနီဖောင်းလေးကိုဝတ်ထားတဲ့ပုံက အမြဲတလိုထယ်ယုံးကိုသဘောကျစေတယ်။
အထူးသဖြင့်ဂျယ်ဟွန်းရဲ့လက်ထဲကကျူးလစ်ပန်းစည်းလေးပင်။ အရောင်စုံနေသောကျူးလစ်ပန်းစည်းလေးအား ထယ်ယုံးကမေးငေါ့ပြလိုက်ရင်းမေးလိုက်တယ်။
"ပန်းက?"
"ယုံးအတွက်ပဲပေါ့"
ဂျယ်ဟွန်းကပန်းစည်းလေးအား ထယ်ယုံးရဲ့ဘယ်ဘက်လက်ထဲထည့်ပေးရင်း ညာဘက်လက်ကိုရုတ်တရက်ကိုင်လိုက်တာကြောင့် ထယ်ယုံးကအနည်းငယ်လန့်သွားပေမယ့်လည်း ဂျယ်ဟွန်းကသဘာဝကျကျပဲပြန်လွှတ်ပေးလိုက်တယ်။
ထို့ကြောင့်ထယ်ယုံးကလည်းဘာမှမဖြစ်ခဲ့သလိုမျိုး မသိချင်ယောင်ဆောင်လိုက်ကာပန်းစည်းတို့ကို လက်ဖြင့်သေချာယူလိုက်ရင်းပန်းရောင် ကျူးလစ်ပန်းတွေကိုလက်တို့ဖြင့်တို့ထိလိုက်မိတယ်။
ထို့နောက်ထယ်ယုံးရဲ့အိမ်ရှေ့ကနေထွက်လာရင်းနဲ့ လူရှင်းပြီးကဗျာဆန်သောလမ်းသေးသေးလေးပေါ်ကနေ နှစ်ယောက်အတူတူထွက်လာခဲ့တယ်။
"ဒီနေ့ကိုယ့်ကိုတွေ့လိုက်ရတော့ဘယ်လိုနေလဲ?"
"နည်းနည်းလေးရင်ခုန်သွားတယ်~"
ထယ်ယုံးကပြန်ဖြေလိုက်တော့ ဂျယ်ဟွန်းကနူးညံ့စွာကြည့်ရင်း အနည်းငယ်ရယ်လိုက်ကာ ထယ်ယုံးကိုပြုံးစိစိနဲ့ထပ်ပြောလာလေသည်။
"ဒါဆိုကျူးလစ်ပန်းတွေနဲ့အတူတူကိုယ်နေ့တိုင်းလာခဲ့မယ်"
ဂျယ်ဟွန်းရဲ့စကားကိုထယ်ယုံးက မေးခွန်းတို့ဖြင့်ပြည့်နှက်နေတဲ့မျက်လုံးများဖြင့် ကြည့်လိုက်တော့ဂျယ်ဟွန်းကထယ်ယုံးရဲ့မေးခွန်းအားအဖြေပြန်ပေးလာလေတယ်။
YOU ARE READING
Letter For My Dear General
Romanceသို့ - ကျွန်တော့်ရဲ့ချစ်ရပါသောဗိုလ်မှူး 'ကျွန်တော့်ဘဝရဲ့နောက်ဆုံးလားမသိတဲ့အချိန်မှာ ဒီစာလေးကိုရေးခဲ့ပါတယ်။ ဗိုလ်မှူး... ဒါကိုဖတ်နေရဲ့လား...? အဆုံးသတ်ကဒါဖြစ်မယ်ဆိုတာကို ကျွန်တော်ကြိုသိခဲ့ပါတယ် ဗိုလ်မှူး... အဆုံးသတ်ကိုသိရက်နဲ့နောက်မဆုတ်နိုင်ခဲ့တာ...