{ ၁၀ရာခိုင်နှုန်း }

204 46 8
                                    

'ဗိုလ်မှူးနဲ့အတူဖြတ်သန်းရတဲ့အချိန်တိုင်းဟာ တကယ့်ကောင်းချီးမင်္ဂလာပါပဲ။ ဗိုလ်မှူး ဒါပေမယ့်သိလားဗိုလ်မှူးကဆေးရုံမှာဖုန်းပြောဖို့အပြင်ထွက်သွားထဲက ကျွန်တော်ကခွဲရတော့မယ်ဆိုတာစသိခဲ့တာဗျ..."





"ဗိုလ်မှူး"

"ဗျာ"

ထယ်ယုံးကဆေးရုံကုတင်ပေါ်မှာထိုင်နေရင်းနဲ့ ဂျယ်ဟွန်းရဲ့နာမ်စားလေးကိုခေါ်လိုက်တော့ 'ဗျာ' လို့ထူးလာတာကြောင့်သူကပြုံးလိုက်မိတယ်။

ထိုအရာကိုဂရုမထားမိတဲ့ဂျယ်ဟွန်းကတော့ သူ့ရဲ့လက်ဖဝါးအကြီးကြီးတွေနဲ့ ဘာမဟုတ်တဲ့ပန်းသီးလေးတစ်လုံးကိုအခွံခွါရင်းအလုပ်ရှုပ်နေတယ်။

ဂျယ်ဟွန်းရဲ့အာရုံစိုက်မှုတွေအကုန်လုံးက ပန်းသီးအပေါ်မှာပဲရောက်နေပြီးတော့ သူ့ရဲ့မျက်ခုံးတွေတွန့်ချိုးနေတာကိုကြည့်ခြင်းအားဖြင့် ပန်းသီးခွါခြင်းအပေါ်အာရုံအတော်စိုက်ထားသည့်ပုံ။

"ဗိုလ်မှူးလို့"

"ဗျာ..."

ထယ်ယုံးကနောက်တစ်ခါထပ်ခေါ်လိုက်ပြန်တော့လည်း ဂျယ်ဟွန်းကသူ့ကိုမကြည့်ဘဲနဲ့ 'ဗျာ' လို့ပြန်ထူးလာပြန်တယ်။ သူ့ရဲ့မျက်လုံးတွေကပန်းသီးဆီမှာ။

ပန်းသီးကိုကိုင်ကာ ဘယ်ဘက်လှည့်ပြီးကြည့်လိုက်၊ ညာဘက်လှည့်ပြီးကြည့်လိုက်နဲ့ ပန်းသီးလေးတစ်ခါခွါဖို့အရေးကို စစ်ဗျူဟာချနေတဲ့အတိုင်းပဲ။

"ဗိုလ်မှူး!"

ဒီတစ်ခါမှာတော့ဂျယ်ဟွန်းကလှည့်ကြည့်လာလေပြီ။ သူကထယ်ယုံးကိုမေးလိုက်တယ်။

"ဘာလိုလို့လဲ ယုံး"

ထယ်ယုံးကိုသေချာပြန်ဖြေပြီးတာနဲ့ အကြည့်ပြန်လွှဲလိုက်ပြန်ကာ နောက်ဆုံးတော့ဓားကိုကိုင်ပြီးတော့ပန်းသီးကိုခွါဖို့ဆုံးဖြတ်လိုက်သည့်အလား။

ဂျယ်ဟွန်းရဲ့မျက်ခုံးနှစ်ခုကထိစပ်တော့မတတ်ကိုဖြစ်နေပြီးတော့ စူးစူးစိုက်စိုက်ကြည့်နေပုံများ။ သူ့ရဲ့ချစ်သူရည်းစားဖြစ်သူထယ်ယုံးကိုတောင် ဒီလိုမကြည့်ဖူး။

Letter For My Dear General Wo Geschichten leben. Entdecke jetzt