"ယုံး... ယုံး"
ထယ်ယုံးကထိုင်ခုံပေါ်မှာထိုင်နေရင်းနဲ့ ထိုင်ခုံရဲ့အနောက်ကိုမှီပြီးတော့ ပျင်းရိစွာအိပ်ပျော်သွားခဲ့လေသည်။ ဒါပေမယ့်ထယ်ယုံးကဂျယ်ဟွန်းရဲ့ခေါ်သံကြောင့်ပြန်နိုးလာခဲ့တယ်။
ထယ်ယုံးရဲ့လက်အပေါ်ကနေတစ်ယောက်ယောက်ရဲ့ ကြီးမားသောလက်ကနူးညံ့ညှင်သာစွာ အုပ်ကိုင်ထားတယ်။ သေချာပါသည်။ ဒါကဂျယ်ဟွန်းရဲ့လက်ပင်။
သူ့ရဲ့လက်ကိုအခုလိုနူးနူးညံ့ညံ့ ညှင်ညှင်သာသာဖြင့်ကိုင်ထားပေးမည့်လူက ဂျယ်ဟွန်းအပြင်မရှိပေ။ ထယ်ယုံးကဂျယ်ဟွန်းရဲ့အသံကိုကြားနေရတယ်။
ဒါပေမယ့်လည်းထယ်ယုံးက ဂျယ်ဟွန်းကဘာလုပ်မလဲဆိုတာကိုသိချင်၍ ဒီတိုင်းပဲမျက်လုံးမဖွင့်ဘဲနဲ့ အိပ်ချင်ယောင်ဆောင်နေလိုက်တယ်။
ဂျယ်ဟွန်းကထယ်ယုံးရဲ့နာမည်ကို သုံးခါလောက်ခေါ်ဆိုပြီးတာတောင်မှ ထယ်ယုံးကမနိုးထလာတာကိုတွေ့လိုက်ရတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာမှတ်ကာသာ ပေးအိပ်ဖို့ဆုံးဖြတ်လိုက်တော့သည်။
အိပ်ပျော်နေတဲ့ထယ်ယုံးကအေးချမ်းလွန်းပြီးတော့ သဘာဝကျစွာလှပလွန်းသည်။ သူဒီလူသားငယ်ကိုဘယ်လောက်တောင်မြတ်နိုးပြီး ဘယ်လောက်တောင်ချစ်နေလဲကိုမသိတော့ပါ။
ဒီလူသားငယ်ပြောတဲ့စကားတိုင်းကို နှစ်သက်သဘောကျစွာရယ်မောမိပြီး ဒီလူသားငယ်ရဲ့မျက်နှာထားပြောင်းလဲသွားသည့်သေးငယ်သော အခိုက်အတန့်ကအစ အကုန်လုံးဟာသူ့အတွက်အရေးပါလှသည်။
ဂျယ်ဟွန်းကထယ်ယုံးရဲ့ မျက်နှာပေါ်ကိုကျလုနည်းနည်းဖြစ်နေတဲ့ ဆံပင်တွေကိုထယ်ယုံးမနိုးသွားစေရန် ညှင်သာစွာဖယ်ပေးလိုက်လေသည်။
ဂျယ်ဟွန်းကသူ့ရှေ့ကလူသားငယ်လေးရဲ့ အိပ်ပျော်နေတဲ့ပုံရိပ်ကိုကြည့်လိုက်ကာ နောက်ထပ်တစ်ခါပြုံးလိုက်မိပြန်တယ်။ ထို့နောက်မတ်တပ်ရပ်လိုက်ကာ သူ့ရဲ့လက်အောက်ငယ်သားတွေဆီပြန်သွားလိုက်ပါ၏။
ထို့နောက်စကားအချင်းချင်းပြောနေကြ၍ ဆူညံနေတဲ့သူ့ရဲ့လက်အောက်ငယ်သားတွေကို စုဝေးဖို့ရာလက်နဲ့အရိပ်အခြေပြလိုက်လေတယ်။ အားလုံးစုသွားတော့မှ ထယ်ယုံးမနိုးစေရန်ခပ်လတ်လတ်အသံဖြင့်
YOU ARE READING
Letter For My Dear General
Romanceသို့ - ကျွန်တော့်ရဲ့ချစ်ရပါသောဗိုလ်မှူး 'ကျွန်တော့်ဘဝရဲ့နောက်ဆုံးလားမသိတဲ့အချိန်မှာ ဒီစာလေးကိုရေးခဲ့ပါတယ်။ ဗိုလ်မှူး... ဒါကိုဖတ်နေရဲ့လား...? အဆုံးသတ်ကဒါဖြစ်မယ်ဆိုတာကို ကျွန်တော်ကြိုသိခဲ့ပါတယ် ဗိုလ်မှူး... အဆုံးသတ်ကိုသိရက်နဲ့နောက်မဆုတ်နိုင်ခဲ့တာ...