'ဗိုလ်မှူးပျောက်ကွယ်သွားတဲ့အခါတုန်းက ကျွန်တော်ကသာဗိုလ်မှူးကိုလိုက်မရှာခဲ့ရင် ဗိုလ်မှူးနဲ့ကျွန်တော်ကဝေးသွားလောက်ပါပြီ'
သူတို့ရုပ်ရှင်အတူတူကြည့်ခဲ့တာကလွန်ခဲ့သောတစ်ပတ်ကျော်ကဖြစ်သည်။ သူတို့ကဝမ်းနည်းစရာအချစ်ဇာတ်လမ်းတစ်ခုကို ကြည့်ခဲ့ကြပြီးတော့သာယာတဲ့အချိန်များကိုပိုင်ဆိုင်ခဲ့သည်။
တတိယမြောက်တွေ့ဆုံခြင်းဆိုပေမယ့်လည်း သူတို့နှစ်ယောက်ကရုပ်ရှင်အပြီးမှာအတူတူစကားအများကြီး ပြောဖြစ်ခဲ့ကြသေးသည်လေ။
ထိုအပြီးမှာဂျယ်ဟွန်းကထယ်ယုံးအားလမ်းလျှောက်ကာ အိမ်အထိလိုက်ပို့ပေးပြီးတော့သူတို့နှစ်ယောက်က ထယ်ယုံးရဲ့အိမ်ရှေ့မှာပဲလမ်းခွဲခဲ့ကြသည်။
ထိုကတည်းကဂျယ်ဟွန်းကပျောက်ကွယ်သွားတာပင်။ ထယ်ယုံးကသိချင်မိသည်က ဂျယ်ဟွန်းပျောက်သွားတဲ့အခုချိန်မှာရောသူပေးထားတဲ့လက်ပတ်လေးကို ဝတ်ထားလေမလားဟူ၍။
ဒီလိုသေးငယ်တဲ့မြို့ငယ်လေးမှာ ဗိုလ်မှူးနဲ့ထပ်တွေ့ရမှာပါလို့ပဲသူကမှတ်ယူထားတယ်။ ဘာလို့ဆိုဗိုလ်မှူးဟာ သူ့ရှေ့ကိုနောက်တစ်ခါထပ်ရောက်လာပါမည်ဟူ၍ကတိပေးထား၍။
ထယ်ယုံးကဈေးဆိုင်တန်းရှိတဲ့လမ်းမငယ်လေးပေါ်မှာ လမ်းလျှောက်နေရင်းပန်းဆိုင်တစ်ဆိုင်ကိုတွေ့လိုက်ရတာကြောင့် ပန်းဆိုင်အနားသွားလိုက်ကာကျူးလစ်ပန်းအချို့ကိုသဘောကျစွာ ကိုင်ယူမိလိုက်ပါ၏။
ထယ်ယုံးကကျူးလစ်ပန်းတို့ကို ကိုင်လိုက်တဲ့အခါမှာပဲသူ့ရဲ့လက်ဖမိုးနုနုရဲ့အပေါ်ကနေ ထပ်ကာအုပ်ကိုင်လာတဲ့ဖြူဖွေးသောလက်တစ်စုံနှင့်အတူတူချိုသာသောစကားသံတစ်သံ။
"ကိုယ့်ရဲ့နှင်းဆီပန်းလေး~ ဒီနေ့လဲကျူးလစ်ပန်းတွေထက်ပိုလှနေတာပဲ"
ထယ်ယုံးကစကားသံကြောင့်ချက်ချင်းအပေါ်ကိုမော့ကြည့်လိုက်ကာ လှပတဲ့ပါးချိုင့်တို့အားဖော်ပြကာ ပြုံးနေရှာတဲ့ဗိုလ်မှူးဂျောင်ကိုတွေ့လိုက်ရတယ်။
သူတို့နှစ်ယောက်ရဲ့လက်တွေက ထိစပ်နေကြပြီးတော့မျက်လုံးတွေက တစ်ယောက်အပေါ်တစ်ယောက်ရှိနေကာ ပုလဲလုံးလေးတွေလိုကြည်လင်တောက်ပနေကြတယ်။
YOU ARE READING
Letter For My Dear General
Romanceသို့ - ကျွန်တော့်ရဲ့ချစ်ရပါသောဗိုလ်မှူး 'ကျွန်တော့်ဘဝရဲ့နောက်ဆုံးလားမသိတဲ့အချိန်မှာ ဒီစာလေးကိုရေးခဲ့ပါတယ်။ ဗိုလ်မှူး... ဒါကိုဖတ်နေရဲ့လား...? အဆုံးသတ်ကဒါဖြစ်မယ်ဆိုတာကို ကျွန်တော်ကြိုသိခဲ့ပါတယ် ဗိုလ်မှူး... အဆုံးသတ်ကိုသိရက်နဲ့နောက်မဆုတ်နိုင်ခဲ့တာ...