{ ချစ်နေသ၍ }

198 52 2
                                    

'ဗိုလ်မှူးကျွန်တော့်ကို ရေတံခွန်ဆီခေါ်သွားခဲ့တဲ့နေ့လေ။ အဲ့မှာဗိုလ်မှူးကျွန်တော့်ကိုပြောခဲ့တဲ့စကားက... တကယ်ပါ ကျွန်တော်မလိမ်ချင်ဘူး ဗိုလ်မှူး။ အဲ့ကတည်းကကျွန်တော်ကြောက်နေခဲ့တာ...'






"ဒီနေ့လဲပန်းနုရောင်ကျူးလစ်ပန်းလေးပဲပေါ့"

ထယ်ယုံးကအိမ်ပေါက်ဝကနေထွက်ထွက်လာချင်းမှာ တွေ့လိုက်ရတဲ့ဗိုလ်မှူးနဲ့လက်ထဲက ကျူးလစ်ပန်းလေးကိုကြည့်ရင်းပြုံးကာပြောလိုက်မိလေတယ်။

ဒီနေ့နဲ့ပါဆိုရင်သူတို့တွဲတာက တစ်ပတ်တောင်ရှိနေပြီဖြစ်သည်။ သူတို့တွေ့တာကတစ်လမျှပင်ကြာမြင့်ခဲ့သော်လည်း ဒီအချိန်တိုလေးအတွင်းမှာတစ်ယောက်နဲ့တစ်ယောက်ဘယ်လိုလို့ ဒီလောက်ချစ်မိသွားလဲဆိုတာအဖြေမရှာနိုင်တော့။

သူကအသိစိတ်ဝင်လာတဲ့အခါမှာ သူဟာဂျောင်ဂျယ်ဟွန်းဆိုတဲ့ဗိုလ်မှူးအား မသိစိတ်ကရောသိစိတ်ကရောပါ စွဲလမ်းနေမိကာချစ်နေမိလေပြီ။

ဒါပေမယ့်ထယ်ယုံးကတော့သူကဗိုလ်မှူးအား ရွေးခြယ်သည့်နေရာတွင်အမှားလုပ်ခဲ့သည်မထင်။ သူ့ဘေးနားမှာသူ့ရဲ့လက်ကိုကိုင်ကာ လမ်းလျှောက်နေတဲ့ဗိုလ်မှူးဟာသူ့ရွေးခြယ်မှုမှန်ကန်ကြောင်းသက်သေပြပါသည်။

"ယုံး ကျူးလစ်ပန်းတွေကိုမုန်းသွားတဲ့နေ့အထိကိုယ်ကကျူးလစ်ပန်းတွေနဲ့ယုံးကိုစောင့်နေမှာ"

ဂျယ်ဟွန်းရဲ့စကားကြောင့်ရယ်လိုက်မိပြီးတော့ ဘေးကိုလှည့်ကြည့်လိုက်မိတယ်။ သူတို့နှစ်ယောက်ကမျက်လုံးချင်းဆုံရင်းနဲ့ အတူတူလမ်းလျှောက်နေခဲ့ကြတယ်။

ဒီအတိုင်းလေးပဲထယ်ယုံးရဲ့မျက်လုံလေးအားကြည့်ရတာတောင်မှ ဂျယ်ဟွန်းကိုသတိရစေသည်။ ထယ်ယုံးကဂျယ်ဟွန်းအတွက်တော့ဘုရားသခင်ကပေးတဲ့ ကြီးမားသောဆုလာဘ်ကြီးဆိုတာပင်။

ဘုရားသခင်ကအထူးအခြားဆုံးအနေနဲ့ မျက်လုံးဘေးဘက်ကနှင်းဆီပုံအမာရွတ်လေးကိုပါဖန်ဆင်းပေးလိုက်သည်ထင်။ ဒီနှင်းဆီနဲ့တူသောလူသားလေးရဲ့နေရာတိုင်းက လှပလို့။

Letter For My Dear General Where stories live. Discover now