{ ချစ်မြတ်နိုးသည်တဲ့ }

249 55 13
                                    

'အဲ့နေ့မှာဗိုလ်မှူးကပထမဆုံးအနေနဲ့ကျွန်တော့်ကိုဖွင့်ပြောခဲ့တာပေါ့။ တည်ငြိမ်တဲ့ဗိုလ်မှူးရဲ့အသံကထုံးစံအတိုင်းတည်ငြိမ်ကြည်လင်လျက်ပါပဲ'



ထယ်ယုံးကအိမ်တံခါးရဲ့ အရှေ့တည့်တည့်မှာရပ်နေရင်းနဲ့ သူကတံခါးမဖွင့်ခင်မှာသူ့စိတ်ကိုသူထိန်းလိုက်ကာ မျက်နှာပေါ်မှာသိသာစွာရှိနေတဲ့အပြုံးကိုဖုံးကွယ်ရန်ကြိုးစားလိုက်တယ်။

ဒီနေ့လဲဂျယ်ဟွန်းကသူ့ကိုကျူးလစ်ပန်းတွေနဲ့ အိမ်ရှေ့မှာစောင့်နေလောက်မှာဖြစ်ပြီးတော့ ဒီနေ့ရော? ပန်းရောင်ကျူးလစ်တွေလား? ခရမ်းရောင်ကျူးလစ်တွေများလား?

ဒါမှမဟုတ်အရောင်စုံကျူးလစ်ပန်းတွေ? ထယ်ယုံးကစိတ်လှုပ်ရှားစွာစဉ်းစားလိုက်မိတာနဲ့ ချက်ချင်းပဲထိန်းချုပ်မရကာပြုံးလိုက်မိတော့တယ်။

ဘယ်လောက်ဖုံးကွယ်ဖို့ကြိုးစားကြိုးစား မပျောက်ကွယ်သွားတဲ့အပြုံးတွေကိုထယ်ယုံးက ဆက်ဖုံးကွယ်ဖို့ကြိုးစားခြင်းကိုလက်လျှော့လိုက်ပြီး တံခါးကိုဖွင့်လိုက်တယ်။

"ဒီနေ့...—"

ထယ်ယုံးထင်ခဲ့တာကခါတိုင်းလိုပဲ ဂျယ်ဟွန်းကသူ့ကိုအိမ်ရှေ့တွင်ပန်းတစ်စီးဖြင့်စောင့်နေလိမ့်မည်ဟု။ ဒါပေမယ့်သူ့ရဲ့အိမ်ရှေ့မှာဘယ်သူမှရှိမနေခဲ့။

ဂျယ်ဟွန်းဆိုလို့ ဂျယ်ဟွန်းနှင့်တူသည့်အရိပ်အယောင်မဟုတ်။ လူနှင့်တူသောအရိပ်အယောင်ပင်မရှိ။ ထို့ကြောင့်ထယ်ယုံးမျက်နှာကချက်ချင်းပဲမဲ့သွားတော့တယ်။

သူကတစ်စုံတစ်ခုကိုမျှော်လင့်ထားခဲ့ပေမယ့် အခုလိုမျိုးဘာမှမဖြစ်လာတဲ့အခါမှာအနည်းငယ် စိတ်ပျက်သွားပေမယ့်လည်းသူကအိမ်ပြင်ကိုထွက်လိုက်တဲ့အခါမှာ သူ့ခြေထောက်ကတစ်စုံတစ်ခုနဲ့ဝင်တိုက်မ်သွားတယ်။

ထယ်ယုံးကအောက်ကိုငုံ့ကြည့်လိုက်တော့ အနီရောင်ကျူးလစ်ပန်းစီးလေးတစ်ခု။ ထယ်ယုံးရဲ့မျက်နှာပေါ်မှာအပြုံးတစ်ခုက ထပ်ဖြစ်ပေါ်လာရင်းပန်းစီးကိုကောက်လိုက်ပါ၏။

သူ့ရှေ့ကိုဒီနေ့မပေါ်လာတဲ့လူကိုအနည်းငယ် မေးခွန်းထုတ်စရာတွေများပေမယ့်လည်း သူကဒီနေ့တော့ဒီကျူးလစ်ပန်းလေးနဲ့ပဲကျေနပ်ရပါတော့မည်။

Letter For My Dear General Where stories live. Discover now