{ ကဗျာတစ်ပုဒ် }

230 52 9
                                    

'စာအုပ်ထက်သေနတ်နဲ့ပိုပြီးအကျွမ်းတဝင်ရှိတဲ့ဗိုလ်မှူးက ကျွန်တော့်အတွက်ရေးစပ်ခဲ့တဲ့ကဗျာလေးကို မြတ်နိုးလွန်းလို့အကြိမ်ကြိမ်ပြန်ဖတ်ပြီးကြည်နူးရပါသေးတယ်'



"ဒီနေ့လဲကျူးလစ်ပန်းတို့နဲ့ ကိုယ့်ရဲ့ယုံးကိုလာကြိုပါတယ်~"

ထယ်ယုံးကအိမ်ပြင်ကိုထွက်ထွက်လာခြင်းမှာ ဂျယ်ဟွန်းကိုတွေ့တာကြောင့်စကားပြောဖို့လုပ်လိုက်ပေမယ့် ဂျယ်ဟွန်းရဲ့အသံကအရင်ဆုံးဦးလိုက်တယ်။

ဂျယ်ဟွန်းကအခုလိုမျိုးနေ့တိုင်းသူ့ကို ကျူးလစ်ပန်းတစ်စီးနဲ့လာလာကြိုပြီးတော့ မနက်တိုင်းမှာသူ့ကိုတွေ့ရတာကို ထယ်ယုံးကအကျင့်ပင်ဖြစ်နေလေပြီ။ မအံ့ဩတော့။

ဂျယ်ဟွန်းရဲ့မျက်နှာပေါ်မှာအမြဲတမ်းဆင်မြန်းထားတတ်တဲ့ အပြုံးတစ်ခုကရှိနေပြီးတော့ဒီအပြုံးက ပုံမှန်လိုပဲထယ်ယုံးကိုပါအလိုလိုပြုံးမိစေတယ်။

ထယ်ယုံးကသိပါသည်။ ဂျယ်ဟွန်းနဲ့အတူတူရှိနေတဲ့အချိန်တိုင်း၊ စက္ကန့်တစ်ခုချင်းဆီတိုင်းမှာ သူကမပြုံးဘဲကိုမနေနိုင်ခဲ့။ သူ့ရဲ့မကြည်တဲ့စိတ်တွေကိုပါကြည်စေနိုင်တဲ့အထိကို ဂျယ်ဟွန်းကသူ့အတွက်အရေးပါသောလူအဖြစ်တဖြည်းဖြည်းချင်းနေရာယူလာသည်။

ဒီနေ့လဲသူတို့နှစ်ယောက်ကမနက်မိုးလင်းထဲက အချင်းချင်းအတူတူရှိနေပြန်ပါပြီ။ ပြီးသွားရင်တော့ညနေစောင်းသည့်အခါမှ နှစ်ယောက်ခွဲကြမည်။

အခုလိုနေ့တိုင်းအတူတူရှိနေပြီးတော့ တစ်နေ့ကိုအချိန်အများကြီးကုန်ဆုံးခဲ့ရတာတောင်မှ ထူးဆန်းစွာနဲ့ပဲညနေစောင်းအိမ်ပြန်ချိန်မှာ မခွဲချင်သေးပင်။

"ဒီနေ့တော့ပန်းရောင်ကျူးလစ်တွေရဲ့အလှည့်လား?"

ထယ်ယုံးကပန်းရောက်ကျူးလစ်များသာ သီးသန့်ပါဝင်သောကျူးလစ်ပန်းစီးကိုကြည့်ပြီး သူ့ဘေးနားမှာလမ်းလျှောက်နေတဲ့ ဂျယ်ဟွန်းကိုမေးလိုက်တယ်။

နေ့တိုင်းအရောင်စုံကျူးလစ်ပန်းတွေကိုသာ ဝယ်လာတတ်ပေမယ့် ဒီနေ့တော့ပန်းရောင်ကျူးလစ်ပန်းတွေပဲ ရှိနေတာကြောင့်ထယ်ယုံးကမေးလိုက်ခြင်းဖြစ်ပါ၏။ ထိုအခါဂျယ်ဟွန်းက

Letter For My Dear General Where stories live. Discover now