{ ဝမ်းနည်းစရာဇာတ်လမ်း၏အဆုံးသတ် }

293 53 18
                                    

[A/N : တစ်သျှူးဆောင်ထားကြ ခေါင်းစဉ်မြင်တော့သိတယ်မလား]


'အခုတော့ခွဲရပြီပေါ့။ ဗိုလ်မှူးကို စာနဲ့ပဲနှုတ်ဆက်ခဲ့ပါတယ်။ ဗိုလ်မှူးရဲ့ခဏတာတည်ရှိမှုက ကျွန်တော့်ဘဝရဲ့အတောက်ပဆုံးခဏတာဖြစ်ခဲ့ပါတယ်...'




ဂျယ်ဟွန်းကသူ့ရဲ့တုန်ယင်နေတဲ့ လက်ထဲကကြေမွခါနီးဖြစ်နေတဲ့ စာကိုပိတ်လိုက်တယ်။ ဂျယ်ဟွန်းကသူ့ရဲ့မျက်ရည်တစ်ပေါက်ကို လက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်းဆွဲသုတ်ပစ်လိုက်တယ်။

ဂျယ်ဟွန်းကစာကိုသေသေချာချာပြန်ခေါက်ပြီးတော့ စာအိတ်ထဲပြန်ထည့်လိုက်တော့ ရင်ဘက်ထဲကတစ်ဆစ်ဆစ်ဖြင့်နာလွန်းလို့ ကိုယ့်ရက်ဘက်ကိုလက်သီးဖြင့်ထုမိသည့်အထိ။

ဂျယ်ဟွန်းစီးလာတဲ့အချိန်ကကြားရက်ဖြစ်ပြီးတော့ အချိန်ကလည်းညနောက်ကျနေပြီဖြစ်တာကြောင့် လူနည်းနေ၍တော်ပါသေးသည်။

ဂျယ်ဟွန်းစီးနေတဲ့ရထားတွဲထဲမှာ လူကငါးယောက်လောက်သာရှိပြီးတော့ အကုန်လုံးကအိပ်ပျော်ရင်ပျော် မပျော်ရင်တောင်သူတို့အလုပ်သူဆို့လုပ်နေကြသည်။

ရထားတွဲရဲ့နောက်ဆုံးခုံထောင့်စွန်းလေးကို လှည့်ကြည့်လိုက်ရင်တော့ မျက်လုံးတွေနီနေတဲ့ စစ်ဗိုလ်ဝတ်စုံဝတ်ထားသော ဗိုလ်မှူးတံဆိပ်နှင့်ခပ်ချောချောယောင်္ကျားတစ်ယောက်ကိုတွေ့ရပေမည်။

ဂျယ်ဟွန်းကစာအိတ်ကိုသူ့ရဲ့လက်ထဲမှာ ပျောက်သွားမည်စိုးသည့်အလား သေသေချာချာကိုင်ထားပြီးတော့ အပြင်ကိုကြည့်ကြည့်လိုက်မိတယ်။

ညနေစောင်းကာ ညဝင်ခါနီးအချိန်ဖြစ်၍ နေပင်ဝင်နေပြီဖြစ်ရာ အဝါတောက်တောက်နေမင်းကြီးက လိမ္မော်နီရောင်ကိုပြောင်းလာပြီး သူတို့ရဲ့မြင်ကွင်းကနေပျောက်ကွယ်သွားတော့မလိုဖြစ်နေတယ်။

ဂျယ်ဟွန်းကသူ့ရဲ့လက်ကိုကိုက်လိုက်ပြီးတော့ အသံမထွက်မိအောင်ကိုယ့်ကိုယ်ကိုထိန်းလိုက်တယ်။ သူတစ်ခါမှဒီလိုမျိုးမပြိုလဲဖူး။ မနာကျင်ဖူးဘူး။

ဂျယ်ဟွန်းရဲ့အသက်ရှူသံတွေကလေးလံနေပြီးတော့ သူ့ရဲ့မျက်လုံးတွေကနီနေကာ လက်တွေကတုန်ယင်နေတယ်။ ဒါပေမယ့်လည်းသူ့ရဲ့မျက်နှာထားကတော့တည်ငြိမ်နေလေတယ်။

Letter For My Dear General Where stories live. Discover now