'အံ့ဩစရာကောင်းတာကဘာလဲဆိုရင် ဗိုလ်မှူးကအမြဲတိုင်း လိုအပ်တိုင်း တမ်းတတိုင်းမှာအနားကိုရောက်လာခဲ့တာပါပဲ။ ဒီလိုလုပ်လို့မဖြစ်ဘူးလို့တွေးခဲ့တာပေါ့။ ကျွန်တော့်လောဘကတက်ပြီးရင် လောဘတက်လာပြီမို့...'
ဒီနေ့ကြမှထယ်ယုံးကအားလျော့နေသလိုခံစားရသည်။ သူ့ရဲ့ခြေထောက်တွေကသိပ်မလှုပ်နိုင်ကာ သူ့ရဲ့မျက်လုံးကလဲကျယ်ကျယ်ဖွင့်ကိုဖို့ငြင်းဆန်နေသည်။
ထယ်ယုံးကနာရီကိုလှမ်းကြည့်လိုက်ောတ့ အရမ်းမနောက်ကျသေးတာမို့နေရာကနေထလိုက်ကာ အားတင်းပြီးတော့နွေးထွေးတဲ့မာဖလာကိုယူကာဝတ်လိုက်တယ်။
ထယ်ယုံးကသက်ပြင်းတစ်ချက်ကိုပင်ပန်းစွာချရင်း တံခါးဆွဲဖွင့်လိုက်တော့သူ့ဆီလာရောက်ထိခိုက်သော မိုးရာသီကုန် ဆောင်းဦးရာသီ၏လေပြေ။
အေးစိမ့်နေတဲ့လေကအားနည်းနေတဲ့ ထယ်ယုံးကိုတုန်ရီသွားစေပေမယ့်လည်း တစ်ချိန်တည်းမှာပဲထယ်ယုံးကိုလန်းဆန်းသွားစေတယ်။ ဒီဟာကိုပဲအမှတ်ယူလိုက်ကာ ထယ်ယုံးကအပြင်ထွက်သွားလေတော့သည်။
ထယ်ယုံးရဲ့ခြေလှမ်းတွေကစာတိုက်ကိုဦးတည်နေပြီးတော့ သူ့ရဲ့လက်ထဲမှာတော့သူ၏ချစ်သူအားပေးရန်အတွက် စာလေးတစ်စောင်ကိုကိုင်ဆောင်ထားလျက်။
ထယ်ယုံးကလမ်းလျှောက်ရင်းနဲ့ တဖြည်းဖြည်းတက်ကြွလာသလိုပင်ခံစားရပြီးတော့ ခြေလှမ်းတွေကိုပိုပြီးမြန်ကာမြန်ကာလျှောက်နေမိလေတယ်။ သူအသံတစ်သံကိုမကြားရခင်အထိပေါ့။
"ကလေးကိုကယ်ပေးကြပါဦး!"
မိန်းမတစ်ယောက်ရဲ့အော်သံနဲ့အတူတူ ထယ်ယုံးကရပ်တန့်လိုက်ကာအနောက်ကိုအမြန်လှည့်ကြည့်လိုက်တယ်။ ထိုအခါတွေ့လိုက်ရတဲ့မြင်ကွင်းကထယ်ယုံးကိုအနည်းငယ်ကြောက်လန့်သွားစေသည်။
ယောင်္ကျားတစ်ယောက်က ကလေးကိုပိုက်ကာထွက်ပြေးနေပြီးတော့ အနောက်မှာတော့ငိုယိုနေသောမိန်းမကြီး။ ထယ်ယုံးကတွေဝေနေဘဲနဲ့ချက်ချင်းပဲကလေးခိုးသူဟု မှတ်ယူရသူနောက်ပြေးလိုကခသွားလေတော့တယ်။
YOU ARE READING
Letter For My Dear General
Romanceသို့ - ကျွန်တော့်ရဲ့ချစ်ရပါသောဗိုလ်မှူး 'ကျွန်တော့်ဘဝရဲ့နောက်ဆုံးလားမသိတဲ့အချိန်မှာ ဒီစာလေးကိုရေးခဲ့ပါတယ်။ ဗိုလ်မှူး... ဒါကိုဖတ်နေရဲ့လား...? အဆုံးသတ်ကဒါဖြစ်မယ်ဆိုတာကို ကျွန်တော်ကြိုသိခဲ့ပါတယ် ဗိုလ်မှူး... အဆုံးသတ်ကိုသိရက်နဲ့နောက်မဆုတ်နိုင်ခဲ့တာ...