{ အနက်ရောင်ချည်လက်ပတ်ငယ်လေး }

308 66 4
                                    

''ရုပ်ရှင်လဲအတူတူကြည့်ခဲ့မှာမဟုတ်သလို ဗိုလ်မှူးရဲ့စကားလှလှတွေကိုကြားရဖို့ကျွန်တော်ကြံဖန်ခဲ့မှာလဲမဟုတ်သလို ဗိုလ်မှူးကိုလက်ပတ်ငယ်လေးလဲပေးပြီးတန်ဖိုးထားခိုင်းခဲ့မှာမဟုတ်ပါဘူး'


ထယ်ယုံးကအဖြူရောင်ရှပ်အင်္ကျီနှင့်အတူတူ အပေါ်ကနေအညိုရောင်ကုတ်အင်္ကျီတစ်ထည်ကို ထပ်ဝတ်ထားရင်းရာသီဥတုရဲ့အအေးဒဏ်ကိုတောင့်ခံထားတယ်။

ကောင်းကင်ပြာပေါ်ကနေလုံးကြီးဟာ နေ့တစ်နေ့နဲ့ကိုက်ညီသောအလင်းရောင်ကိုပေးအပ်နေပေမယ့်လည်း ဆောင်းတွင်းလေအေးတွေရဲ့အေးစက်မှုကိုတော့မအံတုနိုင်ခဲ့ဘူး။

ဆောင်းတွင်းအလယ်မှာဖြစ်သောကြောင့် တစ်ခါတစ်လေမိုးရွာသည်။ တဟ်ခါတစ်လေဆောင်းတွင်းသဘာဝ နှင်းများလည်းကျတတ်ပြီးတော့ တစ်ခါတစ်ရံတော့လေအေးများသာတိုက်သည်။

ထိုကဲ့သို့သောလေအေးများသာတိုက်သောနေ့ကို ဆောင်းတွင်းလယ်၏သာယာသောနေ့ဟုပြောနိုင်လိမ့်မည်။ ထိုကဲ့သို့သောနေ့တွင်ရုပ်ရှင်ရုံရှေ့မှာ လူတွေကြိတ်ကြိတ်တိုးနေတာမထူးဆန်းတော့။

"တောင်းပန်ပါတယ်။ ကိုယ်နောက်ကျသွားတယ်မလား"

ဂျယ်ဟွန်းကအရင်ကလိုကြေးဝါနုရောင်စစ်ယူနီဖောင်းကို မဝတ်ထားဘဲနဲ့ အနက်ရောင်ဘောင်းဘီရှည်တစ်ထည်နဲ့ အညိုရောင်အင်္ကျီထူထူကိုဝတ်ဆင်ထားတယ်။

အမြဲတမ်းစစ်ယူနီဖောင်းကိုသပ်သပ်ရပ်ရပ်ဝတ်ဆင်ထားတဲ့ ဂျယ်ဟွန်းကဒီလိုလူငယ်ဆန်ဆန်အင်္ကျီကိုဝတ်ဆင်ထားတော့ အနည်းငယ်ထူးဆန်နေသော်လည်းချောမောလှသည်။

ဒါကဂျယ်ဟွန်းရဲ့ငယ်ရွယ်မှုကိုဖော်ပြပြီးတော့ ဂျယ်ဟွန်းကသူ့ထက်အသက်ငယ်မှန်းကိုသိသာစေတယ်။ ပြီးတော့ဒီအရာကိုထယ်ယုံးကသဘောကျတယ်။

"ရပါတယ် ကျွန်တော်ကစောရောက်နေတာပါ။ ဒါနဲ့...လူတွေဒီလောက်ကြိတ်ကြိတ်တိုးနေတာ လက်မှတ်ရပါ့မလား?"

ထယ်ယုံးကလက်မှတ်ရုံရှေ့မှာ တန်းစီနေတဲ့လူအုပ်ကြီးကိုလက်ညှိုးထိုးကာ ပြောလိုက်လေတော့ဂျယ်ဟွန်းကသူ့ရဲ့ဘောင်းဘီအိတ်ကပ်ထဲကိုလက်နှိုက်လိုက်တယ်။

Letter For My Dear General Where stories live. Discover now