{ ကျူးလစ်ငယ်နှင့်အဆုံးသတ် } [FINAL PART]

441 60 14
                                    

"ဗိုလ်မှူး...?"

ဂျယ်ဟွန်းရဲ့လက်တွေကတွန့်သွားသည်။ သူကြားလိုက်ရတဲ့အသံကထယ်ယုံးရဲ့အသံ? သူကအနောက်ကိုတန်းပြီးတော့လှည့်ကြည့်မိပါ၏။

တကယ်လို့ဂျယ်ဟွန်းသာထင်ယောင်ထင်မှားဖြစ်ပြီး လျှောက်မြင်နေတာဆိုရင် ချက်ချင်းပဲနေရာမှာတင် ကိုယ့်မျက်လုံးကိုယ်ဖောက်ထုတ်ပစ်မည်ဟုကျိန်းထားလိုက်မိသည်။

ဘာလို့ဆိုသူ့မျက်စိရှေ့မှာရှိနေတာက မျက်နှာဖြူလျော့ကာတစ်ဖက်က ဘေးလူအကူအညီဖြင့်မတ်တပ်ရပ်ကာသူ့ကိုကြည့်နေသောထယ်ယုံး။

ဂျယ်ဟွန်းကသူ့ရဲ့လက်ထဲကလက်ကို ပစ်ချလိုက်ပြီးတော့ထယ်ယုံးဆီကိုခြေလှမ်း မြန်မြန်တို့ဖြင့်သွားကာ ထယ်ယုံးရဲ့ကိုယ်လေးကိုဆွဲကာပွေ့ပိုက်လိုက်မိသည်။

ကျေးဇူးပြုပြီး သူ့ရဲ့လက်ထဲမှာပါလာပါစေ။ သူမြင်နေရတဲ့ထယ်ယုံးဟာ ထင်ယောင်ထင်မှားဖြစ်နေတာမဟုတ်ပါစေနဲ့လို့ ဆုတောင်းရင်းနဲ့ပေါ့။

ထယ်ယုံးရဲ့ကိုယ်သေးသေးလေးက ဂျယ်ဟွန်းရဲ့လက်ထဲပါလာပြီးတော့ ရင်ခွင်ထဲကိုကွက်တိကျစွာဝင်သွားတဲ့အခါမှပဲ ဂျယ်ဟွန်းကအသက်ကိုပြင်းပြင်းရှူထုတ်မိတော့တယ်။

တော်သေးတာပေါ့။ သူထင်ယောင်ထင်မှားဖြစ်နေခဲ့တာမဟုတ်ဘူး။ သူ့မျက်စိရှေ့မှာရှိနေတဲ့ထယ်ယုံးဟာ ထယ်ယုံးပဲ။ သူထိတွေ့လို့ရတဲ့ထယ်ယုံး သူမြင်နိုင်တဲ့ထယ်ယုံး။

"ဗိုလ်မှူး ဘာဖြစ်!"

"မထားခဲ့တော့ဘူး.."

ထယ်ယုံးရဲ့စကားသံတွေက ဂျယ်ဟွန်းရဲ့ရေရွတ်သံကြားထဲမှာပျောက်ဆုံးသွားတယ်။ ဂျယ်ဟွန်းကဆက်ပြောတယ်။

"ကိုယ်ဒီနေ့ကစပြီး ယုံးကိုတစ်ယောက်ထဲမထားခဲ့တော့ဘူး..။
ယုံးဘေးနားကနေ တစ်စင်တီတောင်မခွါတော့ဘူး..။
ယုံးကိုလုံးဝ တစ်ယောက်ထဲမထားတော့ဘူး.."

ထယ်ယုံးကဂျယ်ဟွန်းရဲ့စကားသံတွေကို ကြားရတဲ့အခါမှာနားလည်သွားတယ်။ သူခွဲစိတ်ဖို့မသွားခင်မှာ ပို့ခဲ့တဲ့စာကဂျယ်ဟွန်းဆီရောက်သွားတာပဲ...။

စာတိုက်ကိုမပို့တော့ဖို့ ပစ္စည်းပြန်သွားထုတ်ခိုင်းခဲ့တာကို ကျေးဇူးရှင်သူငယ်ချင်းလေးကသွားပြီးမထုတ်ဘဲ မုန့်ပဲဝယ်ပြီးပြန်လာခဲ့တယ်ထင်ပါရဲ့။

Letter For My Dear General Where stories live. Discover now