unicode
"တိတ်ပါတော့ ဆော့လေးရယ် ကိုကိုကပြန်လာမှာပဲကို"
"ဟင့်...ကိုကိုက အကြာကြီးနေအုံးမှာလေ ဆော့လေးက ဘယ်သူနဲ့ဆော့ရမှာလဲလို့
အီးဟီး...""သားငယ်လေးရေ...နောက်ကျတော့မယ်ပြန်ကြရအောင်..."
တစ်ကယ်ပါပဲ ဒီညီကိုနှစ်ယောက်အလွမ်းသယ်လို့မပြီးနိုင်ကြဘူး...
ငါးနှစ်အရွယ် ဟိုဆော့ လေးက သူ့အစ်ကို
ဆော့ဂျင် ကိုမခွဲနိုင်လို့ငိုနေခြင်းသာ...ဆော့ဂျင်က ဒီနှစ်ဆိုရင် ကိုးတန်းရောက်ပြီ...
နောက်နှစ်အတွက် အခြေခံလည်းရအောင်...မြို့က ကိုယ်ပိုင်ကျောင်းမှာလာထားခြင်းပင်..."ကိုကိုကဘယ်ချိန်ပြန်လာမှာလဲဟင်"
"အင်းး ကိုကိုက မကြာဘူးခနပဲ ကျောင်းတက်ပြီးတာနဲ့ ဟောဒီညီသေးသေးလေးဆီကို တန်းပြန်လာမှာ"
"ကတိနော်.."
"ကတိပါဗျာ.."
ဟိုဆော့ ကမ်းလာသည့် လက်သန်းလေးကို
ဆော့ဂျင် ကသူ့ရဲ့လက်သန်းဖြင့်ချိတ်က
သူ့ညီကို ကတိပေး၏"ဖေဖေနဲ့မေမေ ညီလေးဒီနှစ်မူကြိုတက်ရမှာမလား သေချာဂရုစိုက်နော်"
"အမလေး စိတ်ချပါအစ်ကိုကြီးရယ်...
ကျွန်မက ဟိုဆော့ရဲ့အမေအရင်းပါ သေချာစောင့်ရှောက်ပါ့မယ်ရှင့်""အာ...မေမေကလည်း "
"ဟုတ်ပါပြီ...မေမေ့သားကြီးလည်း စာကြိုးစားရမယ်နော် ကျန်းမာရေးလဲဂရုစိုက်"
"ဟုတ်ကဲ့မေမေ..."
ညီလေးကို ထွေးဖက်ပြီး နဖူးလေးကိုအနမ်းပေးကာ ချော့ပြောမှ အသာတကြည်ပြန်လိုက်သွားတဲ့ ဟိုဆော့လေး...
"တာ့တာနော် ကိုကို"
"တာ့တာ ဆော့လေးး"
အစ်ကို့ကိုလက်သေးသေးလေးတွေဝှေ့ရမ်းပြကာ နှုတ်ဆက်ထွက်သွား၏
ဂျစ်ကားလေးက တစ်ရွေ့ရွေ့ဝေးကွာသွားပြီးမှ...ဆော့ဂျင်ငိုမိသည်တစ်ခါမှမခွဲဖူးဘူး...အထူးသဖြင့်ညီလေးနဲ့ပေါ့...
ညီကိုနှစ်ယောက်လေးပဲရှိတာလေ...
မိသားစု လေးကလေးယောက်ထဲရယ်...
YOU ARE READING
သက်ညှာ၏ ခြေတော်ရင်း S1+S2 (သက်ညှာ၏ ခြေတော်ရင်း)