အပိုင်း ၉ (အပိုင္း ၉)

470 75 38
                                    

Unicode

"ဟိုဆော့ ကျောင်းပြန်တက်ချင်လား"

"ကျောင်းပြန်တက်တော့ရော ဘာထူးတော့မှာမို့လဲ"

ဟိုဆော့စကားတိုင်းကယွန်းဂီကိုရွဲ့ပြောနေသယောင်...
ဘယ်အချိန်ကတည်းက ဒီလိုစကားတွေနဲ့ပြန်ထိုးနှပ်ဖို့စဥ်းစားထားတာလဲ....

"ကိုယ်က တက်စေချင်တယ်"

"ခဗျားသဘောပါ..."

တစ်ကယ်တမ်းတော့ဟိုဆော့သည် ကောလိပ်အင်မတန်တက်ချင်သူဖြစ်သည်။
အထက်တန်းနောက်ဆုံးတစ်နှစ်ပဲတက်ရမည့်အချိန်မှာ ကမောက်ကမဖြစ်ကုန်ခြင်းပင်...

ဟိုဆော့အတွက်ဆရာမတစ်ယောက်ငှားပေးပြီးအိမ်မှာသာစာသင်စေသည်။
စာသင်နေချိန်တစ်လျှောက်လုံး သူ့မှာ စာသင်တဲ့နားကို မယောင်မလည်ဖြင့်လာလာချောင်းတတ်သည်။

ဟိုဆော့စာကျက်နေချိန်မှာလည်း
နွားနို့ပူပူကိုကိုယ်တိုင်ဖျော်၍လာပို့တတ်သေးသည်။

ဘာကြောင့် ဒီလောက်ဂရုစိုက်နေရသလဲ
ဒီလူက ခဗျားမရှိရင်မနေတတ်လောက်အောင်ကိုဖြစ်တဲ့အထိလား...

ယွန်းဂီတို့ အိမ်တွင်ဝင်ရန်တားမြစ်ထားသောအခန်းတစ်ခန်းရှိ၏။
သော့ခတ်ထားသည့်အပြင်မဝင်ရဟူသောစာတန်းကိုလည်းချိတ်ဆွဲထားသည်။

တစ်နေ့ ယွန်းဂီထိုအခန်းထဲကိုဝင်ကြည့်ရင်း...အရေးကြီးကိစ္စကြောင့်ခနထွက်လာပြီးသော့ခတ်ဖို့မေ့ခဲ့၏။

အခန်းရှေ့ကဖြတ်သွားမိတဲ့ ဟိုဆော့ကိုစာသင်ပေးသောဆရာမမှာ...လူတို့သဘာဝအတိုင်းစပ်စုချင်၏။
မဝင်ရဆိုပိုဝင်ချင်တာမျိုးမလား...

သော့ဖွင့်ထားသောအခန်းထဲသို့ဝင်စပ်စုလိုက်၏။...

"ဆ ရာ မ "

နောက်မှ အေးစက်စက်အသံကိုကြားတော့...

"ရှင်! အဲ့...ဟို ကျွန်မက"

"သိသွားပြီပေါ့..."

"ဟို...ကျွန်မတောင်းပန်ပါတယ်ရှင် ဘယ်သူ့မှပြန်မပြောပါဘူးနော် တစ်ကယ်ပါ"

ယွန်းဂီ ဓားပြတစ်ယောက်ဖြစ်ကြောင်း
ဆရာမသိသွားခဲ့သည်။

"......."

သက်ညှာ၏ ခြေတော်ရင်း S1+S2 (သက်ညှာ၏ ခြေတော်ရင်း)Where stories live. Discover now