အပိုင်း ၃ (အပိုင္း ၃)

621 88 13
                                    

Unicode

ရွာသူကြီးအိမ်ရှေ့မှာ ရွာသားတွေအားလုံးလူစုကြရ၏။

ရှင်းဝူကို သွားကြိုအပြီး အိမ်မရောက်ခင် လမ်းတစ်ဝက်၌ပင် "ရွာသူကြီးအိမ်ကိုလူတွေလာစုကြ" ဆိုတဲ့ စကားသံတွေကြောင့်
အိမ်မပြန်သေးပဲ သူကြီးအိမ်သို့သွားရသည်။

အဖွဲ့ရဲ့ခေါင်းဆောင် မင်ယွန်းဂီ ဆိုသူသည်
ထိုင်ခုံပေါ်တွင် မိန့်မိန့်ကြီးထိုင်ကာ
ခြေထောက်တစ်ဖက်ကို နောက်ခြေထောက်တစ်ဖက်၏ ပေါင်ပေါ်တွင်တင်လျက်...

သူ၏ တပည့်များကတော့ သူ့ဘေးတွင်
ကိုယ်စီ သေနတ်တွေဖြင့် မတ်တပ်ရပ်နေကြသည်။

ရွာသူရွာသားတွေသာမက သူကြီးကပါ လူအားလုံး သူ့ရဲ့အောက် မြေကြီးပေါ်တွင်သာထိုင်ကြရသည်။

"ဒီရွာကို ဒီလကစပြီးလတိုင်း ဆက်ကြေးလာကောက်မယ် မကျေနပ်တဲ့လူရှိလား"

အေးစက်စက်နဲ့ပြောနေပုံ ကြည့်နေပုံတို့က
​တုတ်တုတ်ပင်မလှုပ်ရဲစရာ...

"ဘယ်သူမှမဖြေဘူးပဲ...သူကြီး ခဗျားဖြေစမ်း"

လက်ထဲက သေနတ်ကိုလေတစ်ချက်မှုတ်ပြီးပြောလာသည်။

"ကျေ...ကျေနပ်ပါတယ် ဗိုလ်ကြီး"

"ဒီလိုမှပေါ့...မင်းတို့ထဲမှာရော ရှိရင်ထွက်ပြောကြစမ်း"

ရွာသားတွေဘက်လှည့်၍ မေးလိုက်သည်။

ရွာသားတွေထဲမှ မကျေနပ်တဲ့ယောက်ျားတစ်ဦးကထကာ

"ကျုပ်မကျေနပ်ဘူး "
သူကြီးက ထိုယောက်ျားကို ပြန်ထိုင်ဖို့ရာ မျက်နှာရိပ်မျက်နှာကဲ ပြသော်လည်း ထိုလူကခေါင်းမာဆဲ

"ဘာဖြစ်ချင်တာလဲ"

"ဘာလို့ မင်းတို့တွေ တောင်းတိုင်းပေးရမှာလဲ
ဟက် မင်းတို့က သူတောင်းစားတွေမိုလို့လား
ဒိုင်း! "

ယွန်းဂီ လက်ညှိုးတစ်ချက်ကွေးလိုက်ရုံဖြင့်
ထိုလူရဲ့ ဦးခေါင်းထဲသို့ ကျည်ဆံဝင်သွား၏။

ထိုစဥ် ဟိုဆော့နဲ့ ရှင်းဝူတို့ သူကြီးအိမ်ခြံဝတွင် ရောက်နေပြီဖြစ်သည်။

ထိုအဖြစ်အပျက်ကိုမြင်ကာ ရပ်ပြီး ကြောင်ကြည့်နေတဲ့ ဟိုဆော့...

သက်ညှာ၏ ခြေတော်ရင်း S1+S2 (သက်ညှာ၏ ခြေတော်ရင်း)Where stories live. Discover now