အပိုင်း ၁၈ (အပိုင္း ၁၈)

457 67 62
                                    

Unicode

ကားပေါ်ရောက်တယ်ဆိုရင်ပဲ
ကားကိုသူမောင်းချင်တယ်ဆိုပြီးပူဆာနေ၏။

"မရဘူးလေ ဒီမှာလမ်းတွေရှုပ်လို့ပါ ဘီဘီရဲ့"

"ဟွန့်!"

အများကြီးဆက်ရစ်မယ်ထင်ထားတာငြိမ်နေလို့ကြည့်လိုက်တော့
ကားထဲမှာ ချိတ်ထားတဲ့အရုပ်ကိုစိတ်ဝင်တစားကြည့်နေလေရဲ့

"ဘီဘီနဲ့တူတယ်"

"ဟင်"

"အဲ့ရှဥ့်ရုပ်လေးက ဘီဘီလိုပဲလုံးလုံးလေး"

"တစ်ကယ်!"
ပါးစပ်ကိုလက်နဲ့ပိတ်ကာ အံ့သြဟန်ဖြင့်...

"ဘာလို့လဲ ဘီဘီ"

"ရှဥ့်ရုပ်လေးက အူယားစရာလေးကို
ဘီဘီနဲ့တစ်ကယ်တူတာလား ခိခိ"

"ဟုတ်ပါ့ ဘီဘီကရှဥ့်ပေါက်လေး"

"ဟီးဟီး"

သူတစ်ကယ်ကိုသဘောကျသွားတယ်ထင်တယ် ပြုံးလို့...
မင်းကရှဥ့်ရုပ်လေးထက်အများကြီးအသည်းယားစရာကောင်းပြီး ချစ်ဖို့ကောင်းတာသိရဲ့လား...

"ဟဲ့...ချစ်စရာလေးတွေကြည့်အုံး"

"အေးဟယ် အတွဲလေးချစ်ဖို့ကောင်းချက်!"

ယွန်းဂီနဲ့ ဟိုဘီကိုအတွဲထင်နေကြတဲ့ကောင်မလေးတွေ တိုးတိုးတိုးတိုးဖြင့်ပြောနေကြ၏။

တစ်ကယ့်ဟာမလေးတွေ ယောက်ျားလေးနှစ်ယောက်တွဲသွားတာမြင်တာနဲ့ အတွဲလို့ထင်နေတော့တာပဲ!
ထင်လည်းကောင်းတာပါပဲ နောက်လဲဖြစ်မှာပဲကို

ကလေးမတွေနှာခေါင်းသွေးလျှုံသွားစေရန်ရည်ရွယ်ပြီ ဟိုဘီနားပိုကပ်ပြလိုက်တော့
သူတို့အော်ဟစ်နေကြ၏။

ဟိုဆော့ကတော့မျက်လုံးအပြူးသားဖြင့်သာ...

"ဘာကြီးလဲ!"

"ဟမ်...ဟို...ဘာမှမဟုတ်ပါဘူး ဘီဘီဝယ်လို့ပြီးပြီလား"

"အင်း ပြီးပြီ "

"အဲ့တာဆိုပြန်မှာလား..."

"...."

"ဘီဘီ"

ယွန်းဂီပြောနေတာကို ဂရုမစိုက်ပဲဖုန်းကိုသာစိုက်ကြည့်နေ၏။

သက်ညှာ၏ ခြေတော်ရင်း S1+S2 (သက်ညှာ၏ ခြေတော်ရင်း)Where stories live. Discover now