အပိုင်း ၁၉ (အပိုင္း ၁၉)

446 65 35
                                    

Unicode

"ဂီဂီတို့များ ညံ့ချက်နော် တစ်လနီးပါးရှိပြီ"

ဂျီမင်းတစ်ယောက် ယွန်းဂီအခုထိ
မစွံသေးလို့အပစ်တင်နေ၏။

"သားလည်းဘယ်လိုကနေစပြီးကြိုးစားရမလဲမသိလို့ပါ ဖိုးဖိုးရယ် ဖိုးဖိုးမြေးကကလေးစိတ်မကုန်သေးဘူး"

"အဲ့တာလည်း ဟုတ်တာပဲ
အဲ့တာဆို မင်းကမကြိုးစားတော့ဘူးလား
မချစ်လို့လား"

"အသက်နဲ့အမျှပါပဲ ဖိုးဖိုးရယ်"

ယွန်းဂီအဖြေကို ဂျီမင်းပြုံးမိ၏
မင်းက ကိုကိုကြီးဖြစ်နေတုန်းပါပဲ ကောင်လေးရယ်...

လပြည့်နေ့မို့ ကောင်းကင်မှာလကြီးကထိန်လျက်
လမ်းထဲကကလေးတွေကလည်းထွက်ဆော့နေကြသည်
ထိုအထဲမှာ ဟိုဘီဆိုတဲ့ကလေးကြီးလေးလည်းပါ၏။

လကြီးကလည်းထိန် လမ်းမီးတိုင်တွေကလည်း လင်းနေတာမို့
ကလေးတွေအေးဆေးကစားနေနိုင်ကြသည်သာ

ဂျီမင်းနှင့်ယွန်းဂီမှာတော့ ခြံထဲကနေသာ
ကလေးတွေဆော့နေတာကို ထိုင်ကြည့်နေ၏။

"ကြည့်ပါလား အဖိုးရဲ့ငါးနှစ်သား"

"ဟားဟား ဟုတ်ပါ့ ကလေးဗိုလ်လေး
တစ်ကယ့်မနိုင်စိန်"

ဘယ်အသက်အရွယ်ထိမင်းကို
လိုက်ထိန်းနေရအုံးမလဲ ဘီဘီရေ
အဲ့တာကြောင့် ငါ့သားကမင်းကိုဒီလွှတ်လိုက်တာနေမှာ...ခွီး!

"ဘီဘီရေ ကြာနေပြီတော်ကြတော့
အိမ်ထဲဝင်တော့"

"ဟာ...ဖိုးဖိုးကလည်း ခနပဲရှိသေးတာကို "

"ချွေးတွေကထွက်နေပြီဟာကို"

"အာ...ခနလေးပဲလို့"

"ပြောလို့လည်းမရပါဘူး
ငါသွားအိပ်တော့မယ်ဟေး
ဂီဂီစောင့်ပေးလိုက်အုံး"

ဂျီမင်း လက်လျော့လိုက်ပြီး
ပြောဆိုကာအိမ်ထဲသို့ဝင်သွား၏။

ဖိုးဖိုးမပြောလည်းကျွန်တော်က စောင့်ပေးမှာပါပဲနော်...

အတန်ကြာတော့ ကလေးတွေကိုယ်စီပြန်သွားကြသည်။

"သွားပြီနော် ကိုကိုငယ်လေး"

ကလေးတွေက သူ့ကိုကိုကိုငယ်လေးတဲ့
ကလေးလေးတွေတောင်အသည်းယားသည်တဲ့လေ~~

သက်ညှာ၏ ခြေတော်ရင်း S1+S2 (သက်ညှာ၏ ခြေတော်ရင်း)Where stories live. Discover now