ဇာတ်သိမ်းပိုင်း (ဇာတ္သိမ္းပိုင္း )

758 76 45
                                    

unicode

"ကလေးရေ ကိုကိုအပြင်ခနသွားအုံးမယ်နော်"

"ဘာသွားလုပ်မို့လဲ"

"အလုပ်ကိစ္စပါ..."

"ပြီးရောအာ့ဆို...ကြာကြီးနေနဲ့နော် ကလေးပျင်းတယ်"

"စိတ်ချပါဗျ မြန်မြန်ပြန်လာမယ်"

ဟိုဘီ မှာမွေးခါနီးအချိန်ပင်ရောက်နေဖြစ်၏။
မိဘတွေနဲ့မနေပဲ အဖိုးအိမ်မှာနေချင်တဲ့ဟိုဘီ့သဘောအတိုင်း ဂျီမင်းအိမ်မှာသာနေကြသည်။

ဂျီမင်းကအပြင်သွားနေသည်မို့ ဟိုဘီအိမ်မှာတစ်ယောက်ထဲသာကျန်ခဲ့၏။
ဘေးအိမ်က ယောက္ခမတွေကလည်း
ဟိုဘီမီးဖွားရန်
ဆေးရုံနှင့်အိမ်ကိုပြေးလွှားအလုပ်ရှုပ်နေကြသည်။

ကိုယ်ဝန်ဆောင်ရတာ အရမ်းခက်ခဲကြောင်းကိုယ်တိုင်သိရတော့မှ မေမေ့ကိုသနားမိသည်။
အရွယ်ရောက်တော့လည်း မေမေ့ကိုပစ်ထားမိသလိုဖြစ်နေတာ...

ကလေးလေးမွေးပြီးရင်တော့ မေမေဆီမှာသွားနေအုံးမှပါ...
လွမ်းတယ်မေမေနဲ့ဖေဖေ သားတစ်ယောက်တာဝန်မကျေခဲ့ဘူး...
သားအကောင်းဆုံးပြန်ကြိုးစားပြီးဖေဖေနဲ့မေမေကိုစိတ်ချမ်းသာအောင်ထားပါ့မယ်...

ယွန်းဂီက ဟိုဘီ့ခြေထောက်လေးတွေရောင်နေတာမကြည့်ရက်လို့ သူမပါပဲလမ်းလျှောက်မထွက်ခိုင်းပါ..
အိမ်ထဲမှာနေရတာ ပျင်းလာတော့...
ဂျီမင်းအခန်းဘေးက တစ်ခါမှမဝင်ဖူးသော အခန်းလွတ်ဆီဝင်ခဲ့လိုက်သည်။

"ဟင်! ဓာတ်ပုံ"

အခန်းထဲမှာချိတ်ထားတဲ့ ဓာတ်ပုံထဲကအမျိုးသားနှစ်ယောက်မှာ
တစ်ယောက်ကယွန်းဂီနှင့်တူလှပြီး
နောက်တစ်ယောက်က ဟိုဘီနှင့်တူလှသည်။

ဟိုဘီနှင့်တူသောအမျိုးသားငယ်၏
ဓာတ်ပုံတွေ ပန်းချီကားတွေအများအပြားရှိသည်။

သေချာပါသည် ဒီဓာတ်ပုံထဲကလူနှစ်ယောက်ဟာ  သူမက်ဖူးတဲ့အိပ်မက်တွေထဲကလူတွေ

ဒီပုံစံဒီအဝတ်အစားတွေနဲ့လူနှစ်ယောက်ကို ကောင်းကောင်းမှတ်မိသည်။
ထူးဆန်းသည်က ဘာ့ကြောင့်သူတို့နှစ်ယောက်နဲ့တူနေရတာလဲ...

🎉 You've finished reading သက်ညှာ၏ ခြေတော်ရင်း S1+S2 (သက်ညှာ၏ ခြေတော်ရင်း) 🎉
သက်ညှာ၏ ခြေတော်ရင်း S1+S2 (သက်ညှာ၏ ခြေတော်ရင်း)Where stories live. Discover now