အပိုင်း ၂၃ (အပိုင္း ၂၃)

431 60 43
                                    

Unicode

အိမ်မပြန်ရဲတော့တဲ့ဟိုဘီကို ယွန်းဂီခေါ်လာခဲ့တော့သည်။
ပြောရမယ်ဆိုရင် ခိုးပြေးသည်ပေါ့
တစ်ခြားကိုခိုးပြေးခြင်းတော့မဟုတ်
ဂျီမင်းဆီသို့ခိုးပြေးကြခြင်းသာ

ဂျီမင်းကအကြောင်းစုံနားလည်သူမို့
နှစ်ယောက်လက်ထပ်ပွဲကိုစီစဥ်၏။

ယွန်းဂီမိဘများမှာနဂိုထဲက ဟိုဘီကိုသားတစ်ယောက်လို့ချစ်နေကြတဲ့သူတွေမို့
အပစ်ပြောစရာမရှိပဲ အမြန်ဆုံးပင်လက်ထပ်စေချင်ကြတော့သည်။

ဟိုဆော့မိဘတွေကတော့
သားကိုချစ်တာကတစ်ကြောင်း
အဖေဖြစ်သူကိုမလွန်ဆန်နိုင်တာကတစ်ကြောင်းမို့ သဘောမတူချင်ပေမယ့်တူလိုက်ရသည်သာ...

သို့ပေမယ့် ဟိုဘီကို ကျောင်းတစ်နှစ်တော့ပြီးအောင်တက်စေချင်သောကြောင့်
မင်္ဂလာပွဲကို ဟိုဘီ စာမေးပွဲပြီးချိန်ထိ
သုံးလလောက်ရွှေ့ဆိုင်းထားလိုက်သည်။

"ကိုကို ဘယ်တော့လာမလဲဟင်"

"ကိုကိုမနက်ဖြန်လာမှာ ကလေးဘာမှာအုံးမလဲ"

"မမှာတော့ပါဘူး...ဒါဆို ဘီဘီစာကျက်တော့မယ်နော်"

"အင်း အရမ်းညည့်နက်တဲ့ထိတော့မကျက်နဲ့နော် ကလေးလေး ကို့ကလေးကတော်ပြီးသား"

"အင်းပါ ဒါပဲနော်"

"ဟုတ်ပြီ ဟုတ်ပြီ တာ့တာကလေးလေး"

မင်္ဂလာဆောင်ကိုရွှေ့ထားတာ သုံးလပင်ကြာနေပြီ
မနက်ဖြန်တော့ ကလေးစာမေးပွဲပြီးပြီမို့ သွားတွေ့ရမည် ပြီးရင်တော့အမြန်ဆုံးမင်္ဂလာပွဲကျင်းပရမည်ပင်...

အခုတစ်လောနေလို့လုံးဝမကောင်းဘူး
စာမေးပွဲရှိလို့သာအားတင်းထားရတာ
ခေါင်းတွေမူးပြီးဘာမှစားချင်စိတ်ကိုမရှိဘူး
မေမေတို့ကိုစိတ်မဆင်းရဲစေချင်တာကြောင့်သာဘာမှမဖြစ်သလိုနေနေခဲ့ရတာ
တစ်ကယ်က နေလို့လုံးဝမကောင်းဘူး

ယွန်းဂီမှာဟိုဘီ့အိမ်ကိုရောက်သည်နှင့်
အိမ်ကလူတွေကိုနှုတ်ဆက်ပြီး ဟိုဘီ့အခန်းဆီသို့အမြန်ပြေးသွား၏။

"ကလေးရေ...."

ပင်ပန်းထားလားမသိဘူး
မျက်နှာလေးချောင်ကျသွားလိုက်တာများ

သက်ညှာ၏ ခြေတော်ရင်း S1+S2 (သက်ညှာ၏ ခြေတော်ရင်း)Where stories live. Discover now