အပိုင်း ၆ (အပိုင္း ၆)

554 81 49
                                    

Unicode

စိတ်ဓာတ်ကျနေတာရက်အတော်ကြာနေပြီ
လူလည်းနွမ်းလှပြီ...
ဒီနေ့တော့ ရေချိုးရမည်။

အရင်ကဆို ရေကိုတစ်ရက်နှစ်ခါလောက်ချိုးတာ...
အရင်ကအကြောင်းတွေပြန်တွေးတိုင်း ရှင်းဝူကို သတိရမိ၏။

မေမေအခုချိန်ဆို ပိုကောင်းတဲ့ဘဝတစ်ခုခုမှာ
ရှင်သန်နေမယ်မလား...
သားကိုစိတ်မချမဖြစ်နေပါနဲ့တော့...
အဆင်မပြေမှုတွေနဲ့အသားကျလွန်းလို့ ထုံတောင်ထုံနေပါပြီ...
သားနေတတ်သလိုနေနေပါတယ် မေမေ...

စခန်းကကောင်လေးနှစ်ယောက်ကိုမေးပြီး
ကိုယ့်ဟာကိုယ်ချောင်းစပ်နားသို့လာခဲ့လိုက်သည်။

ဟိုလူကြီး သူ့တပည့်နဲ့အမဲလိုက်ထွက်တယ်တဲ့
သူမရှိတာကောင်းတယ်...မဟုတ်ရင် ကိုယ့်နောက်ကိုစိတ်မချလို့ဆိုပြီးလိုက်နေမှာ...
ဘယ့်နှယ် မျက်စိအောက်ကအပျောက်မခံပုံက အမြင်ကပ်စရာ...
ကိုယ့်ကဘာတွေများ စွဲမက်စရာကောင်းလို့လဲ...
ဘာလို့ဒီလိုချစ်နေရမှာလဲ
ဒါဟာကံကောင်းမှုလား ကံဆိုးမှုလား...
သေချာပေါက် ကံဆိုးတာပဲနေမှာ....

ရေချိုးရန် အင်္ကျီကိုချွတ်လိုက်တော့
ကိုယ်လုံးဖွေးဖွေးကပေါ်လာ၏။
ချပ်ရပ်နေတဲ့ဗိုက်သားဖွေးဖွေးက ကြွက်သားတွေမရှိပေမယ့်စွဲမက်စရာကောင်းနေသည်။
ဘာအမာရွတ်ဒဏ်ရာမှမရှိတဲ့ ခန္ဓာကိုယ်ကနူးညံ့လို့...

မျက်နှာသစ်လိုက်ချိန် ရေစကလေးတွေတွဲခိုသွားတဲ့ ဆံစကလေးတွေရယ်...
ရေစိုသွားတဲ့မျက်နှာလေးရယ်က ပန်းချီကားတစ်ချပ်နှယ်...

ထိုကဲ့သို့သော အလှလေးကို
ချုံအကွယ်မှ တဏုာရာဂ အကြည့်များဖြင့် ကြည့်နေသောလူတစ်ယောက်ရှိနေသည်ကို သိနိုင်မည်လား...

"ဟိတ် အလှလေး!"

"ခဗျားဘယ်သူလဲ"

"တစ်စခန်းထဲနေပြီး ကိုယ့်ကိုယ်ဘာလို့မသိရတာလဲ ...မှတ်ထား ကိုယ့်နာမည်က
ဂျယ်ဆော့ တဲ့"

"ကျုပ်သိဖို့မလိုပါဘူးလေ...အခုကျုပ်ရေချိုးနေတာမို့ ခဗျားထွက်သွားပေးနိုင်မလား"

"ဟက်! ကိုယ်ကမင်းနဲ့အတူရေချိုးချင်တာ"

"........"

သက်ညှာ၏ ခြေတော်ရင်း S1+S2 (သက်ညှာ၏ ခြေတော်ရင်း)Where stories live. Discover now