အပိုင်း ၁၅ (အပိုင္း ၁၅ )

495 74 44
                                    

Unicode

အဲ့နေ့က ကွဲသွားတဲ့ဖန်ကွဲစတွေကို အစေခံတွေကိုလာသိမ်းခိုင်းတော့
ဖန်ကွဲစတွေကိုအရင်သိမ်းသွားကြတယ်
ကျန်တဲ့ကော်ဖီတွေကို အိမ်မှာမွေးထားတဲ့ခွေးတစ်ကောင် လာလျှက်ပြီးသိပ်မကြာဘူး
ခွေးသေသွားခဲ့တယ်...

သက်ညှာက သေစေချင်တာလား...မဟုတ်ဘူး
သက်ညှာက ကိုယ့်ကိုယ်ချစ်တာတစ်ကယ်ပဲ
သက်ညှာကို ယုံတယ်...

*သတ်လိုကသတ်ပါလေ...
တစ်ခုပဲ
သက်ညှာရဲ့ အမုန်းတွေကိုတော့ဖြင့်
ဒီကောင်ကြီး နောက်ဘဝအထိမသယ်သွားပါရစေနဲ့*

ကိုယ်မသိချင်ယောင်ဆောင်ပါ့မယ်...မင်းသတ်လည်းသေပါ့မယ်...

"ကျုပ်ကရော ခဗျားကိုဘာလို့သတ်ချင်လဲခဗျားသိရဲ့လား"

"ကိုယ်...သိခဲ့ပါတယ်
ကိုယ်သိခဲ့ပါတယ်လေ ကိုယ်ကခွင့်လွှတ်ဖို့မထိုက်တန်လို့ သက်ညှာကိုမတောင်းပန်ဝံ့ပါဘူး....
ကိုယ်အားလုံးကိုသိနေခဲ့တယ် သက်ညှာ
စခန်းဝင်အတိုက်ခံရတဲ့ကိစ္စကောပေါ့...

ကိုယ်မသိချင်ယောင်ဆောင်နေခဲ့မဟုတ်ဘူး
ကိုယ်မင်းကို မျက်လုံးစုံမှိတ်ပြီးကိုယုံကြည်မှုတွေအကုန်ပေးပစ်တာပဲ..."

ဟိုဆော့မှာ ဘာစကားမှမပြောနိုင်ပဲ
ငူငူငိုင်ငိုင်ဖြင့်သာ...

ခဗျားကို သတ်ပစ်ရမှကိုဖြစ်မှာလေ
ကျုပ်ဘဝကြီးတစ်ခုလုံး​ပျက်စီးခဲ့တာလေ
ဒါပေမယ့်....

"ကိုယ်ကသေသင့်တဲ့လူပါ တစ်ကယ်ဆိုသေတာနဲ့တောင်မလုံလောက်ဘူး ကိုယ့်ကိုယ်သတ်လိုက်ပါ"

ယွန်းဂီမှာ သေနတ်ကိုဟိုဆော့လက်ထဲသို့အတင်းထည့်ပေးလျက်
ဟိုဆော့လက်ကိုကိုင်ပြီး သူ့ရင်ဘက်သို့
ချိန်လိုက်၏။

"သတ်လိုက်လေ...သက်ညှာကိုယ့်ကိုသတ်လိုက်ပါလား..."

ယွန်းဂီမှာမျက်ရာ်တစ်စက်မထွက်ပဲ အံကြိတ်ကာသာ...

"ဟုတ်တယ် ခဗျားကိုကျုပ်သတ်သင့်တာ
ခဗျားကကျုပ်ဘဝတစ်ခုလုံးကိုဖျက်ဆီးတဲ့လူ
ဒါပေမယ့်ကျုပ်နှလုံးသားကမလွန်ဆန်နိုင်ဘူး
ကျုပ်သတ်ပစ်ချင်တယ်ခဗျားကို ကျုပ်ဘယ်လိုလုပ်ရမလဲ"

သက်ညှာ၏ ခြေတော်ရင်း S1+S2 (သက်ညှာ၏ ခြေတော်ရင်း)Where stories live. Discover now