Intro

22.8K 1K 55
                                    

သွင်ယသော်နိုင်ဆိုတဲ့ သူ့ဘဝလေးဟာ သိပ်ကို ရိုးရှင်းပါတယ်။ သူလို မိဘမဲ့ တစ်ကောင်ကြွက်တစ်ယောက်ကို ဘယ်သူကမှ တကူးတက မထိန်းကွပ်ပေးဘူး။ သူ့ဘဝသူ ကျောင်းခဲ့ပေမဲ့ သူ့ဘဝလေးက ဒရာမာလည်း မဆန်သလို အိပ်ရာဝင်ပုံပြင်တွေလိုလည်း လွယ်ကူမနေဘူးပေါ့။ ဘယ်သူနဲ့ ယှဥ်ယှဥ် သာမန်ပါပဲလေ။ ငြိမ်းချမ်းတယ်ပဲ ပြောရမလား။ ဟုတ်တယ် ကျွန်တော့ဘဝလေးက ငြိမ်းချမ်းတယ်။ လူမသိတဲ့ ကျွန်တော့်ဝါသနာလေးတော့ ရှိတယ်ဗျ။

ယောက်ျားလေးနှစ်ယောက်ကို အတူတွဲမြင်တာနဲ့ ရင်ထဲ ကျလိကျလိဖြစ်လာရော။ လိုက်ဖက်လွန်းမှုတွေကို စာတင်မိရင်း ပြေးပြီး ပေးစားချင်လာတာပေါ့ဗျာ။ ဟုတ်ပါတယ် ကျွန်​ေတာ်က fudanshiတစ်ယောက်။ မယုံရင် ကျွန်တော့်စောင်ကို သွားကြည့်ကြည့်။ စောင်ကိုက်ထားလို့ ပြဲနေတာကို တွေ့ရပါလိမ့်မယ်။ ဘာလို့ စောင်ကိုက်သလဲ​ေတာ့ သိတယ်မို့လား။ ခင်ဗျားတို့သိပြီးသားပါ fudanshiဆိုတာ ဘာမှန်း။ ကျွန်တော်ကိုယ်တိုင်က အဖြောင့်တစ်ယောက်ဖြစ်သော်ငြားလည်း ကျွန်တော့မှာ အဲ့သည်လို ခပ်ရှားရှားဝါသနာတစ်ခုရှိနေပြန်တယ်ပေါ့ဗျာ။

သည်နေ့ကတော့ ကျွန်တော့ရဲ့ အစမ်းခန့်ကုမ္ပဏီဝန်ထမ်းဘဝ ပထမနေ့ပေါ့။ ဘယ်ထင်ထားပါ့မလဲ သည်နေ့မှာပဲ အဲ့သည့်ကောလဟာလကို ကြားရလိမ့်မယ်လို့။ ဝန်ထမ်းမလေးတွေ ပြောနေကြတာကတော့ "ဥက္ကဌက gay နေတယ်" တဲ့လေ။

အဲ့သတင်းကြားကြားချင်း ကျွန်တော့မျက်ဝန်းတွေ ဝင်းလက်သွားမယ်ဆိုတာ သိတယ်မလား။ ကိုယ့်ရင်ဘတ်လေးကိုယ်ဖိ မျက်နှာကိုချီမော့လိုက်ပြီး ရင်ထဲ စကားတစ်ချို့ကို တိုးတိုးရေရွတ်မိတယ်။

"fudanshiတစ်ယောက်ဖြစ်တဲ့ငါက ငါ့ဥက္ကဌကို ထောက်ပံ့ပေးဖို့ တာဝန်အပြည့်ရှိတယ် ဆိုပြီးလေ....."

အဲ့နေ့ကစ ပါးပါးဖြစ်ချင်တဲ့ ကျွန်တော့ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ ဥက္ကဌအနား ယောင်လည်လည်နဲ့သွားတတ်လာပါတော့တယ်။
=======================

uke= သွင်ယ​ေသာ်နိုင်

seme= ​​​​မြူမင်းလွင်ပြင်

သည်ficလေးထဲမှာ ဆိုရင်တော့ဖြင့် ဥက္ကဌကို ယောက်ျားအတင်းပေးစားချင်နေတဲ့ သွင်ယသော်နိုင်နဲ့ ကိုယ့်ကို ယောက်ျားပေးစားချင်နေတဲ့ လူကိုမှ သဘောကျနေမိတဲ့ ရေခဲတုံးကြီး မြူမင်းလွင်ပြင်တို့ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးလေးမို့ မရယ်ရရင်တောင် ပြုံးစေနိုင်မှာပါ🖤

3.5.2022~ဆွေး~

Zawgyi

သြင္ယေသာ္ႏိုင္ဆိုတဲ့ သူ႕ဘဝေလးဟာ သိပ္ကို ႐ိုး႐ွင္းပါတယ္။ သူလို မိဘမဲ့ တစ္ေကာင္ႂကြက္တစ္ေယာက္ကို ဘယ္သူကမွ တကူးတက မထိန္းကြပ္ေပးဘူး။ သူ႕ဘဝသူ ေက်ာင္းခဲ့ေပမဲ့ သူ႕ဘဝေလးက ဒရာမာလည္း မဆန္သလို အိပ္ရာဝင္ပုံျပင္ေတြလိုလည္း လြယ္ကူမေနဘူးေပါ့။ ဘယ္သူနဲ႔ ယွဥ္ယွဥ္ သာမန္ပါပဲေလ။ ၿငိမ္းခ်မ္းတယ္ပဲ ေျပာရမလား။ ဟုတ္တယ္ ကြၽန္ေတာ့ဘဝေလးက ၿငိမ္းခ်မ္းတယ္။ လူမသိတဲ့ ကြၽန္ေတာ္႕ဝါသနာေလးေတာ့ ႐ွိတယ္ဗ်။

ေယာက်္ားေလးႏွစ္ေယာက္ကို အတူတြဲျမင္တာနဲ႔ ရင္ထဲ က်လိက်လိျဖစ္လာေရာ။ လိုက္ဖက္လြန္းမႈေတြကို စာတင္မိရင္း ေျပးၿပီး ေပးစားခ်င္လာတာေပါ့ဗ်ာ။ ဟုတ္ပါတယ္ ကြၽန္​ေတာ္က fudanshiတစ္ေယာက္။ မယုံရင္ ကြၽန္ေတာ္႕ေစာင္ကို သြားၾကည့္ၾကည့္။ ေစာင္ကိုက္ထားလို႔ ၿပဲေနတာကို ေတြ႕ရပါလိမ့္မယ္။ ဘာလို႔ ေစာင္ကိုက္သလဲ​ေတာ့ သိတယ္မို႔လား။ ခင္ဗ်ားတို႔သိၿပီးသားပါ fudanshiဆိုတာ ဘာမွန္း။ ကြၽန္ေတာ္ကိုယ္တိုင္က အေျဖာင့္တစ္ေယာက္ျဖစ္ေသာ္ျငားလည္း ကြၽန္ေတာ့မွာ အဲ့သည္လို ခပ္႐ွား႐ွားဝါသနာတစ္ခု႐ွိေနျပန္တယ္ေပါ့ဗ်ာ။

သည္ေန႔ကေတာ့ ကြၽန္ေတာ့ရဲ႕ အစမ္းခန္႔ကုမၸဏီဝန္ထမ္းဘဝ ပထမေန႔ေပါ့။ ဘယ္ထင္ထားပါ့မလဲ သည္ေန႔မွာပဲ အဲ့သည့္ေကာလဟာလကို ၾကားရလိမ့္မယ္လို႔။ ဝန္ထမ္းမေလးေတြ ေျပာေနၾကတာကေတာ့ "ဥကၠဌက gay ေနတယ္" တဲ့ေလ။

အဲ့သတင္းၾကားၾကားခ်င္း ကြၽန္ေတာ့မ်က္ဝန္းေတြ ဝင္းလက္သြားမယ္ဆိုတာ သိတယ္မလား။ ကိုယ့္ရင္ဘတ္ေလးကိုယ္ဖိ မ်က္ႏွာကိုခ်ီေမာ့လိုက္ၿပီး ရင္ထဲ စကားတစ္ခ်ိဳ႕ကို တိုးတိုးေရ႐ြတ္မိတယ္။

"fudanshiတစ္ေယာက္ျဖစ္တဲ့ငါက ငါ့ဥကၠဌကို ေထာက္ပံ့ေပးဖို႔ တာဝန္အျပည့္႐ွိတယ္ ဆိုၿပီးေလ....."

အဲ့ေန႔ကစ ပါးပါးျဖစ္ခ်င္တဲ့ ကြၽန္ေတာ့ရည္႐ြယ္ခ်က္ကို အေကာင္အထည္ေဖာ္ဖို႔ ဥကၠဌအနား ေယာင္လည္လည္နဲ႔သြားတတ္လာပါေတာ့တယ္။
=======================

uke= သြင္ယ​ေသာ္ႏိုင္

seme= ​​​​ျမဴမင္းလြင္ျပင္

သည္ficေလးထဲမွာ ဆိုရင္ေတာ့ျဖင့္ ဥကၠဌကို ေယာက်္ားအတင္းေပးစားခ်င္ေနတဲ့ သြင္ယေသာ္ႏိုင္နဲ႔ ကိုယ့္ကို ေယာက်္ားေပးစားခ်င္ေနတဲ့ လူကိုမွ သေဘာက်ေနမိတဲ့ ေရခဲတုံးႀကီး ျမဴမင္းလြင္ျပင္တို႔ကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ ေပါ့ေပါ့ပါးပါးေလးမို႔ မရယ္ရရင္ေတာင္ ျပဳံးေစႏိုင္မွာပါ🖤

3.5.2022~ေဆြး~

ဥက္ကဌက 'gay' နေတယ်တဲ့ Where stories live. Discover now