~25~

4.4K 347 59
                                    

Unicode

"မင်းတို့နှစ်ယောက်က အတူနေနေကြပြီလား!"

"ဥက္ကဌတို့နှစ်ယောက်က အတူနေကြပြီလား!"

ကျယ်လောင်လှသော ထိုအသံနှစ်ခုကြောင့် သွင်သွင်ကလေး ခေါင်းနပန်းကြီးသွားရသည်။ ဘေးဘီဝဲယာကို ကြည့်လိုက်ရင်း ခပ်ရှက်ရှက်ဖြင့် အသံမြှင့်ကာ ပြောလိုက်တော့သည်။

"ဘယ်....ဘယ်ကသာ...သည်....သည်ရှေ့မှာ တွေ့လို့....ဥ...ဥ...ဥ ဥက္ကဌက ခေါ်လာပေးတာပါ....."

သူအထစ်ထစ်အအအဖြင့်ဆိုတော့ ဥက္ကဌမျက်နှာမှာ မည်းမှောင်လို့လာ၏။ ပုပ်သိုးလာသော ဥက္ကဌ​ မျက်နှာပေးကြောင့် ဂလုခနဲ တံတွေးမြိုချလိုက်ကာ ကိုရေးခြားတို့ဘက်သို့ လှည့်ကြည့်လိုက်ရာ ကိုရေးခြားတို့ကလည်း သူ့အား မယုံသင်္ကာဖြင့် ကြည့်နေသည်မို့ အရှက်ပြေ အကျယ်ကြီး ထရယ်လိုက်သည်။

"ဟားဟားဟား....ဟားဟားဟား....ရယ်ရတယ်နော်...နောက်ကျတော့မှာမို့ ဝင်တော့မယ်နော်....ဟားဟားဟား...."

သူ့ဘာသာသူ ရယ်မောရင်း မပြေးရုံတမယ် ခပ်သွက်သွက် ထွက်သွားသော သွင်သွင့်အား ကျန်သုံးယောက်သား အဆုံးထိ လိုက်ကြည့်နေမိသည်။ မင်းရာမကတော့ သူသိပြီးသားဟူသော မျက်နှာပေးဖြင့် မြူမင်းလွင်ပြင်အား လှည့်ကြည့်လာ၏။ အလိမ္မာမှာတော့ ကြောင်တောင်တောင်ကလေးဖြစ်နေလျက်။

"အဟမ်း....နောက်ကျတော့မယ်...."

ခပ်တည်တည်ပြောရင်း ကုမ္ပဏီထဲသို့ ဟန်ကြီးပန်ကြီးဖြင့်  ဝင်သွားသော မြူမင်းကြောင့် ကျန်ခဲ့သော မင်းရာမမှာ တဟားဟား အော်ရယ်မိတော့သည်။

"ဘာဖြစ်လို့ရယ်တာလဲ ကိုမင်း..."

ဘေးက အလိမ္မာမှ နားမလည်သော မျက်နှာပေးကလေးဖြင့် မေးတော့သည်။ မေးလည်းမေးချင်စရာပင်။ မင်းရာမ ဗိုက်နှိပ်ရယ်မောနေသည်ကို မနည်းမျက်နှာပိုးသတ်လိုက်ရပြီး ပြန်ဖြေရတော့သည်။

"မဟုတ်ပါဘူး....သည်ကောင် *ဆရာထက် တပည့် လက်စောင်းထက်*သွားပါလားလို့ တွေးမိလို့ပါ...."

"ဘယ်လို...."

ကြောင်တိကြောင်ကြားကလေးဖြစ်နေသော အလိမ္မာ့ကိုကြည့်ရင်း ခပ်ဟဟရယ်မိကာ အလိမ္မာ့လက်ကိုဆွဲ၍ ကုမ္ပဏီထဲ ဝင်ခဲ့လိုက်သည်။

ဥက္ကဌက 'gay' နေတယ်တဲ့ Where stories live. Discover now