~3~

7.1K 648 63
                                    

Unicode

"မင်း နာမည်က ရေးခြားပဲလား....."

အသံမြှင့်လို့မေးလိုက်ပေမဲ့လည်း ဘေးရှိ ကောင်ငယ်လေးက အကြည့်တစ်ချက်ပင် ပို့မလာပါ။ တမင်တကာ မကြားချင်ယောင်ဆောင်နေမှန်း သိသာတာမို့ မင်းရာမ ဟက်ခနဲ ရယ်မိသည်။ လှောင်ပြောင်မှုမပါဘဲ သဘောတကျ ရယ်ခြင်းပင်။ တစ်မိုးအောက်တစ်ယောက် မင်းရာမအား လျစ်လျူရှုနိုင်သူက ရှားသည်လေ။ U.Sရဲ့ နာမည်ကြီး မော်ဒယ်လ်မင်းသားအား လျစ်လျူရှုနိုင်သည့် ထိုအကောင်ငယ်လေးမှာ ဘယ်လိုဟာလေးပါလိမ့်။

"ကိုယ်တော့ သိပ်မတရားဘူး ထင်တယ်ကွာ...."

ရှေ့တူရူကို ပြန်ကြည့်လျက် အသံမြှင့်ကာ ပြောလိုက်တော့ သူလေး ငဲ့ကြည့်လာကြောင်း မျက်ဝန်းထောင့်မှ မြင်လိုက်ရလေသည်။

"ဟုတ်တယ်လေ....မင်းလေးပဲ စဥ်းစားကြည့်....ကိုယ့်နာမည်ကျတော့ မင်းလေးသိတယ်....မင်းလေးနာမည်ကျ ကိုယ်မသိရဘူး....This is not fair...right?...."

မျက်လုံးပင့်ကာ ပြောလိုက်ရင်း လှည့်ကြည့်လိုက်လေတော့ ထိုကောင်လေးထံမှ သက်ပြင်းမျှင်းမျှင်းချသံကို ကြားရလေ၏။

"လိမ္မာရေးခြား...ကျွန်တော့နာမည် လိမ္မာရေးခြား....ရေးခြားလို့ခေါ်လို့ရတယ်..."မင်းလေး..မင်းလေး" လို့မခေါ်ပါနဲ့...."

ထိုကောင်လေးက အသံခပ်မာမာနှင့် ပြောသည်။ အထာကိုင်တတ်သော ထိုကောင်လေးကြောင့် ရယ်ချင်စိတ်ကို မနည်းထိန်းရလေသည်။ လူကောင်လေးသေးသော်လည်း မာနကြီးသော အကောင်ပေါက်ကို စနောက်ချင်စိတ်တို့ တရိပ်ရိပ်ပေါ်လာ၏။

"အလိမ္မာ.....ကိုယ်ကတော့ အလိမ္မာလို့ ခေါ်မယ်....ရလား...."

ချက်ချင်း ဒေါသတကြီးဖြစ်လာမည်ထင်သော်လည်း ထိုကောင်လေးက သူ့ကို မျက်ဝန်းအဝိုင်းသားနှင့် မော့ကြည့်လာသည့်အခါ စနောက်မည်ဟု တွေးထားသည်တို့ပင် ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားရ၏။ ထိုကောင်လေးက တစ်ဖက်သို့ မျက်နှာလွှဲသွားလေ၏။

"ရပါတယ်....ကျွန်တော့ကို ဘယ်သူမှ အလိမ္မာလို့ မခေါ်ဖူးဘူး....တစ်ယောက်က လွဲလို့...."

ဥက္ကဌက 'gay' နေတယ်တဲ့ Where stories live. Discover now