~29~

3.8K 324 16
                                    

Unicode

ညစာစားပြီးအပြန်လမ်းသည် တိတ်ဆိတ်နေလျက်ရှိ၏။ မြူမင်းတစ်ယောက်ကတော့ သွင်သွင့်အကြောင်းတွေးမပြီးတော့။ သွင်သွင်ပြောခဲ့သော စကားများကြောင့် မြူမင်းအတွေးနယ်ချဲ့နေခြင်းပင်။ အတူနေလာသော ထိုလများအတွင်း သွင်သွင်နှင့်သူ အတော်နီးစပ်နေပြီဟု တွေးထင်ခဲ့မိသည်။ တစ်နေ့တစ်နေ့ မနက်မိုးလင်းမျက်လုံးနှစ်လုံးဖွင့်ချိန်မှစ၍ မျက်လုံးနှစ်လုံးပိတ်ချိန်အထိ သွင်သွင်နှင့်သူ တတွဲတွဲအတူတူရှိနေခဲ့သည်။ ရယ်ကြမောကြသည်။ တစ်ခါတစ်ရံဆို သွင်သွင်က သူ့ကို အော်ဟစ်တတ်သည်။ တစ်ခါတစ်ရံ သူ့ကြောင့် သွင်သွင် ရှက်ရမ်းရမ်းတတ်သည်။

ထို့ကြောင့် မြူမင်းသတ်မှတ်ထားသည်က သွင်သွင်သည် အမြဲတစေ ကလေးငယ်တစ်ဦးလို အပြစ်ကင်းဖြူစင်ပြီး ကလေးဆန်သူတစ်ဦးဟူ၍ပင်။ ဘယ်သူက ချစ်စရာကောင်းတဲ့ သွင်သွင်လေးမှာ ချစ်ခြင်း၊ လက်ထပ်ခွင့်တောင်းခြင်း၊ လက်ထပ်ခြင်းတို့အပေါ် ထားရှိသော အတွေးအမြင်မှာ လူကြီးဆန်နေလိမ့်မယ်လို့ ထင်မှာလဲလေ။ သွင်သွင်၏ လိင်တူချစ်ကြိုက်မှုအပေါ် နှစ်သက်မှုကို သူသိထားပေမဲ့ ဤမျှအထိ အလေးအနက်ရှိနေမည်ဟု မထင်ထားခဲ့။ ထိုအချင်းအရာအား မနှိမ့်ချဖူးပေမဲ့ သွင်သွင်တွေးတောသလိုတော့ သူလည်း မတွေးတောဖူးပါ။

ယနေ့ညမှ အတော်တိတ်ဆိတ်နေသော ကလေးငယ်အား သူလှည့်ကြည့်မိသည်။ ဟင်းပွဲတွေအကုန် အပြတ်ဖြတ်ခဲ့သော သွင်သွင်လေးမှာ ထမင်းဆိပ်တက်လို့ အိပ်ငိုက်နေတော့၏။ တစ်ဖက်က ကားမှန်ကိုမှီကာ အိပ်နေသော ကလေးငယ်က ပါးစပ်ကလေးပင် ဟလို့နေ၏။ မြူမင်းတစ်ချက်ရယ်မောလိုက်ကာ သွင်သွင့်အနား တိုးကပ်သွားရင်း တစ်ဖက်သို့စောင်းနေသော ခေါင်းကလေးကို သူ့ပုခုံးပေါ်တင်လိုက်တော့သည်။ သွင်သွင့်မျက်မှန်ကလေးကိုလည်း အဆင်သင့်ချွတ်ပေးလိုက်ရသည်။ မျက်မှန်တပ်လွန်းတာကြောင့် သွင်သွင့် နှာခေါင်းအလယ်လေးတွင် အရာလေးထင်လို့နေ၏။ မြူမင်းတစ်ယောက် သွင်သွင့်မျက်ကြောလေးများကိုပါ နှိပ်နယ်ပေးနေမိသည်။

အရှေ့မှ ကားမောင်းသူကတော့ မှန်မှတစ်ဆင့် အနောက်ခန်းမှ သူတို့၏ ဇီဇာကြောင်လှသော ဥက္ကဌတစ်ယောက် နူးညံ့နေပုံကိုမြင်ရကာ ကြက်သီးတဖြန်းဖြန်းထသွားရတော့သည်။ ဘာနေနေ သည်ဥက္ကဌကို တုန်နေအောင်ကြောက်မိသည်။ သည်လိုပြုံးနေသည်ကိုလည်း ကြောက်ပါ၏။ ထို့ကြောင့် ကားမောင်းသူ၏ နှဖူးထက်တွင်လည်း ချွေးစေးတို့ဆို့နေတော့သည်။ ဘေးမှ သွင်ယသော်နိုင်အား ပြုံး၍တစိမ့်စိမ့်ကြည့်နေသော ဥက္ကဌမှာ မှန်ထဲသို့ ရုပ်တည်ဖြင့် ဇက်ခနဲ ကြည့်လာတာမို့ အမြန်အကြည့်လွှဲလိုက်ရသည်။ မဟုတ်လျှင် လျှာရှည်စပ်စုသော အမှုကြောင့် မနက်ဖြန်ပင် အလုပ်ထွက်ရနိုင်ကိန်းရှိနေ၏။

ဥက္ကဌက 'gay' နေတယ်တဲ့ Where stories live. Discover now