~8~

5.4K 529 55
                                    

Unicode

မျက်စိရှေ့မှ ကော်ဖီခွက်အား ကြည့်လျက် တံတွေးမြိုချမိတော့သည်။ ​ေကာ်ဖီဖျော်လာပေးသူအား အလိုအလျောက် မော့ကြည့်မိသည်။ သွင်ယသော်နိုင်ကတော့ မျက်မှန်ကလေးအား ပင့်တင်လိုက်ရင်း ဟီးခနဲ ရယ်ပြနေလေ၏။

"သည်တစ်ခါတော့ ဝမ်းနှုတ်ဆေးမပါဘူးမလား...."

"ဥက္ကဌကလဲဗျာ...မပါပါဘူး..."

မြူမင်း သိပ်တော့ မယုံချင်ပါ။ အရင်တစ်ခါက  ဝမ်းနှုတ်ဆေးကြောင့် သူ အိမ်သာထဲ ဧည့်စာရင်းဆောင်လိုက်ရသည့်အပြင် နှစ်ရက်လောက် ဆေးရုံပင်တက်လိုက်ရသေးသည်လေ။ ထိုအကြောင်းတွေးရင်း ဗိုက်တောင် ရစ်လာသလိုပင်။

"မင်း အရင်သောက်ပြ..."

ကော်ဖီခွက်အား ရှေ့မှ ကောင်ကလေးအား လှမ်းပေးလိုက်တော့ ပြူးကြောင်ကြောင်လေး ပြန်ကြည့်လာသေးသည်။

"ကျွန်တော်လား...."

သူ့ကိုယ်သူ လက်ညှိုးကလေးထိုးကာ မေးလာသော အူကြောင်ကြောင်ကလေးပါလေ။

"မဟုတ်ဘူး....ရေးခြားကို...."

"အော်အော်...ကျွန်တော်သွားခေါ်လိုက်မယ်..."

"ကိုယ်ရွဲ့ပြောနေတာ...အခု ကိုယ့်ရှေ့မှာ မင်းပဲရှိတာ မင်းကို သောက်ခိုင်းတာပေါ့...."

"အော်...."

ထိုအခါမှ အော်တစ်လုံး အသံပြုလျက် ကော်ဖီခွက်အား လှမ်းယူလေသည်။ ပြီးကာမှ နှုတ်ခမ်းကလေး အနည်းငယ် စူထော်လာကာ။

"ဥက္ကဌတို့များ လူကို မယုံသင်္ကာနဲ့....သောက်ပြမယ် သောက်ပြမယ် ဟုတ်ပြီလား...."

ပြီးနောက် တဟူးဟူးမှုတ်ကာ တစ်ငုံသောက်နေသော ထိုကြောင်တိကြောင်ကြားလေ​းကြောင့် သူ့ကိုယ်သူပင် သတိမမူမိဘဲ ပြုံးမိသွားလေသည်။

"ဟ....အရသာက ကောင်းချက်ဗျာ...ဖျော်ပေးတဲ့သူက ချောလို့ဖြစ်ရမယ်...."

တစ်ဆိတ် သည်ကလေး သူ့ကိုဥက္ကဌမှန်းရော သတ်ပြုမိပါရဲ့လား။ တစ်ရုံးလုံး ဖိတ်ဖိတ်တုန်အောင် ကြောက်ရတဲ့ ဥက္ကဌရှေ့တွင် ပြောင်တိပြောင်စပ်လုပ်ဖို့ဆိုသည်မှာ လွယ်မနေပါ။ ထိုကောင်ကလေးမှာ သြချစရာကောင်းလောက်သည့် အူကြောင်ကြားကလေးဖြစ်၏။

ဥက္ကဌက 'gay' နေတယ်တဲ့ Where stories live. Discover now